AC - THIRTEEN

3.8K 317 35
                                    

- Addicted Charisma -

Jimin' pov ~

Busanမှာဖြစ်​ပျက်​ခဲ့သည့်​ အဖြစ်​အပျက်​​တွေအပြီး hyungရဲ့ ပုံစံ​တွေ လွန်​စွာ​ပြောင်းလဲလာခဲ့သည်​ ​တောင်းဆိုမှု မပါရှိပါပဲနှင့်​ Company​ရောက်​​ကြောင်း Meetingဝင်​​ကြောင်း ထမင်းဘယ်​အချိန်​စား​ကြောင်း မက်​​ဆေ့ခ်ျ​​တွေ အချိန်​မှန်​ပို့​နေခဲ့သည်​ ကျွန်​​တော့်​ကိုလည်း လို​လေ​သေးမရှိ ဂရုစိုက်​ကာ အနားမှ ခွာသည့်​အချိန်​ ရှားတာမို့ hyungရဲ့ဒီပုံစံကို ကြည်​နူးမိသည်

ဟော အိမ်​​ရှေ့က ခြံတံခါး​ဖွင့်​ရန်​ ကားဟွန်းတီးသံ ကြားလိုက်​သည်​နှင့်​ Hyung ပြန်​လာပြီဆိုတာ သိလိုက်​သည်​ ​​ရေချိုးလက်​စဖြစ်​​နေ​သော​ကြောင့်​ ခပ်​မြန်​မြန်​အပြီးသတ်​ရန်​ ပြင်​လိုက်​သည်​ ခဏအကြာ

* ကျွီ *

တံခါးဖွင့်​သံ​ကြောင့်​ bathtubထဲက​နေ အလန့်​တကြား လှမ်းကြည့်​မိလိုက်​သည်​ ​ပြေ​​လျော့​နေ​သော နက်​ခ်​တိုင်​နှင့်​ အိတ်​အမည်းကို ဆွဲကိုင်​လျက်​ တံခါး​ခေါက်​ခြင်းမရှိ ကျူး​ကျော်​လာ​သော သူ့​ကြောင့်​ ရင်​​တွေတဒိတ်​ဒိတ်​ ခုန်​မိသည်​ ​တော်​​သေးလို့​ပေါ့ ဒီ​နေ့bathubထဲ ဆပ်​ပြာရည်​ အများကြီးနဲ့ ထည့်​မိလို့ 😓

YG ~ ဒီ​နေ့​​အောက်​ကို လာမကြိုလို့ ဘာများလုပ်​​နေသလဲ လာကြည့်​တာ လတ်​စသတ်​​တော့ ​ရေချိုး​နေတာကိုး ... ​ချွေတာတဲ့ အ​နေနဲ့ ကိုပါတခါထဲ ဝင်​ချိုးရမလား

သူ့ရဲ့စကား​နောက်​ ကပ်​ပါလာ​သော သူ့အပြုအမူ​ကြောင့်​ ကျွန်​​တော်​ မျက်​လုံးပြူးသွားရသည်​ နက်​ခ်​တိုင်​အား ဖြည်​ကာ ကြယ်​သီးချွတ်​ရန်​ ပြင်​​နေ​သော သူ့လက်​အား လှမ်းဆွဲကာ ဟန့်​တားလိုက်​သည်

Jimin ~ မလုပ်​နဲ့​နော်​... ကျွန်​​တော်​မကြိုက်​မှန်း သိရဲ့နဲ့ လာစ​နေပြန်​ပြီ

YG ~ Aigoo ... ​ယောကျာ်းအချင်းချင်းပဲ ဖြစ်​​နေလိုက်​တာ

ကျွန်​​တော့်​ရဲ့ ​ခေါင်း​လျှော်​ပြီးခါစ ဆံပင်​ကို သူ့လက်​​ချောင်းများနှင့်​ ဖွ​နေသဖြင့်​ မျက်​​စောင်းထိုးကာ မလုပ်​ရန်​ အမူရာပြလိုက်​သည်

Addicted CharismaWhere stories live. Discover now