Hyuk Jae ကတော့ သူ့အကြံအောင်မြင်ပြီထင်ပြီး ပျော်နေသည်။Chanyeol အခုဆို ဘယ်လိုဒုက္ခတွေတွေ့နေပြီလဲ တွေးပြီး ပါးစပ်ပင်မစိနိုင်။
သူ၏ ထိုပျော်ရွှင်မှုများကို သတင်းစာတစ်စောင်က ဖျက်ဆီးပစ်လိုက်ပါသည်။
##Royal ကုမ္ပဏီပိုင်ရှင် Wu Yifan ၏ မင်္ဂလာဧည့်ခံပွဲ##
" အော် သူတောင်မင်္ဂလာဆောင်သွားပြီလား "
သူအနည်းငယ် အံ့သြမိသွားပြီး Wu Yifan မည်သူနှင့် မင်္ဂလာဆောင်သလဲ သိချင်စိတ်ဖြင့် ဆက်ဖတ်လိုက်တော့ မြင်လိုက်ရသည့်နာမည်က
##Park Chanyeol##တဲ့
သူမျက်လုံးများ ပြူးကျယ်သည်အထိ အံ့သြသွားခဲ့ရပါသည်။
♦♦♦
Chanyeol ခုတလော အလုပ်လုပ်နေသော်လည်း စိတ်နှင့်လူနှင့်မကပ်။မှာထားသည်ကတခြား သူချပေးသည်ကတခြား ဖြစ်နေသောကြောင့် ဆိုင်ရှင်၏အပြောခံရသည်မှာလည်း အခေါက်ပေါင်းမနည်းတော့။
ထိုသို့ဖြစ်သည်မှာ သူ့အလွန်လည်း မဟုတ်ပါ။သူကြုံတွေ့ခဲ့ရသည့် အဖြစ်အပျက်တွေက သူ့အတွက် ယခုအချိန်အထိ လက်ခံနိုင်ဖို့ ခက်ခဲနေသေးသည်မဟုတ်လား။
ထိုနေ့က ထိုသူကသူ့ကို လက်ထပ်မည်တဲ့။လက်ထပ်မည့်နေ့ရောက်လျှင် ဖုန်းဆက်မည်ဟုပြောပြီး သူ့ဖုန်းနံပါတ်ကို ယူသွားသည်။
ထို့ကြောင့် သူ့မှာဖုန်းသံကြားတိုင်း လန့်နေမိသည်။ကြည့်မိလို့ မသိသည့်နံပါတ်ဆိုလျှင်ပိုဆိုး။တုန်ပါတုန်လာရသည်။
သူ့ကိုလက်ထပ်ဖို့ သူ မမျှော်လင့်ခဲ့ပါ။သူလည်းမူးနေလို့ပဲ။ရှိပါစေတော့ဟု ထားလိုက်ဖို့ပင်။သို့သော် ထိုလူက သူ့ကို စွပ်စွဲပြီး နောက်ဆုံး လက်ထပ်မည်ဟုဆိုကာ သူပဲအားလုံးစီစဉ်သွားခဲ့သည်။
ထိုသူကသူ့ကို ညာသွားခဲ့သည်ဆိုလည်း ရှိပါစေတော့။မည်သို့ဆိုစေ ဖုန်းသံကြားတိုင်း သူလန့်နေမိသည်မှာတော့ အမှန်ပင်။
" Chanyeol ခဏ "
မှာထားသော order အတွက် သွားချပေးမလို့ပြင်စဉ် ဆိုင်ရှင်ဦးလေးကြီးက သူ့ကိုလှမ်းခေါ်သည်။ထို့ကြောင့် သူလည်း တခြားတစ်ယောက်ကို အကူအညီတောင်းပြီး သွားချပေးခိုင်းလိုက်သည်။
