" Chanyeol ကိုယ်အလုပ်ကိစ္စပေါ်လာလို့ဂျာမဏီကိုသွားရမယ် "
" ဟင် .... ဘယ်လောက်ကြာမှာလဲဟင် Fanfan "
ရုတ်တရက်ကြီးသူကခရီးသွားရမည်ဆိုတော့ Chanyeol ဝမ်းနည်းသလိုဖြစ်သွားမိတာတော့အမှန်။
"ခန့်မှန်းခြေ ၃ ပတ် ၄ ပတ်လောက်တော့ကြာမယ်ထင်တာပဲ။ကိုယ်လည်းသေချာတော့မပြောတတ်ဘူး။ဒါပေမဲ့ခုတစ်ခေါက်ကတော့အရင်အခေါက်တွေကိုခဏလေးနဲ့ပြီးမှာမဟုတ်ဘူး။အဲ့ဒါတော့သေချာတယ် "
" ဟို ... ကျွန်တော်လိုက်ချင်တယ်။လိုက်လို့မရဘူးလားဟင် "
" ကျောင်းရှိသေးတယ်မလား။ကိုယ်နဲ့လိုက်ချင်တယ်ဆို ၁ လလောက်ကျောင်းပျက်နိုင်လား ပြော "
Chanyeol ၏ခေါင်းလေးကိုပုတ်ရင်းပြောသော Wu Yifan ၏ပုံစံက ကလေးလေးကိုနားချနေသောလူကြီးတစ်ယောက်နှယ်။
" ဟင့် ... လိုက်ချင်တာကို "
ခေါင်းလေးငုံ့သွားပြီးနှုတ်ခမ်းလေးပါစူလာသော Chanyeol ၏ပုံစံကလိုချင်တာမရသောကလေးဆိုးလေးတစ်ယောက်လို။
Wu Yifan ကသူ့ပင်ကိုအရစကားအနုအရွတွေနဲ့ Chanyeol ကိုနူးနူးညံ့ညံ့မပြောတတ်။ဒါပေမယ့်အပြုအမေူတွေနဲ့တော့ Chanyeol ကိုသူချစ်ကြောင်းသိစေသည်။Chanyeol ကလည်းအစကသာမဆိုးတာ။အခုတော့ချစ်မှန်းသိတာနဲ့တော်တော်ကိုဆိုးသည်။
သူ့စကားဆိုနားမထောင်ချင်တာမျိုး ...
သူ့ကျောင်းပိတ်ရက်ဆိုသူနဲ့တူတူနေပြီးရုံးကိုမသွားစေချင်တာမျိုး ...
ရုံးသွားရရင်လည်းအလုပ်လုပ်လို့မရအောင်ဖုန်းတွေတဂွမ်ဂွမ်ဆက်နေတတ်တာမျိုး ...ဒီလိုအဆိုးလေးကိုလည်းချစ်နေရတာပင်။Fanfan ကလည်းဆိုလည့်အသံလေးနဲ့တင်သူကလည်း Chanyeol တောင်းဆိုသမျှလုပ်ပေးချင်နေတော့လည်းအခက်သား။
" နောက်တစ်ခါဆိုလိုက်ခဲ့။ဟုတ်ပြီလား။ခုရောဘာလိုချင်လဲ။ကိုယ်ဘာဝယ်ခဲ့ရမလဲ "
" ဘာမှမလိုချင်ဘူး။Fanfan နဲ့ပဲလိုက်ချင်တာ "
ပြောရင်းရင်ခွင်ထဲတိုးဝင်လာသော Chanyeol ၏ကိုယ်လုံးလေးအား Wu Yifan ပြန်လည်ပွေ့ဖက်ထားလိုက်သည်။သူနှင့်ကိုယ် ၂ ယောက်တည်းသာရှိသောဒီအိမ်ကြီးမှာကိုယ်သာမရှိလျှင် သူတစ်ယောက်တည်းဘယ်လောက်အထီးကျန်မည်ကို ကိုယ်ချင်းစာမိပါသည်။ဒါပေမဲ့မသွားလို့ကလည်းမရပြန်။ခေါ်သွားမယ်ဆိုတော့လည်းသူကကျောင်းတစ်ဖက်နဲ့ဖြစ်နေပြန်။