" ဟေး ... Chanyeol တော်တော်မှပျော်ခဲ့ရဲ့လားကွ .. ခွီး "
" ဟာကွာ .. မင်းကလည်း အဲ့မှာလေတွေတိုက်လို့သူချမ်းနေမှာစိုးလို့ဖြစ်မှာပါကွာ ... အရမ်းမပြောကြပါနဲ့ "
Chanyeol ကျောင်းကိုရောက်သည်နှင့် အတန်းထဲမှရှိနေသာ သူငယ်ချင်းများက ဝိုင်းဝန်းစနောက်ကြသည်။Chanyeol သူတို့ဘာကိုဆိုလိုသည်ကို နားမလည်။
" ဟေ့ကောင် ... Sungmin လာ .. ချမ်းနေရင်ငါ့ရင်ခွင်ထဲကိုလာ .. ငါဒီလို .... လေး ဖက်ထားမယ် .. ဘယ်လိုလဲ .. နွေးလား "
Chanyeol နည်းနည်းတော့နားလည်လာသလိုလိုပင်။ဒါပေမဲ့မဖြစ်နိုင်။ဘယ်လိုမှမဖြစ်နိုင်။ဒီကိစ္စကို ဘယ်သူမှမသိနိုင်။သူနှင့် Wu Yifan ကမ်းခြေကိုသွားပြီး Wu Yifan က သူ့ကို ရင်ခွင်ထဲထည့်ကာ နှစ်သိမ့်ပေးခဲ့သည်ကို မည်သူမျှမသိနိုင်။
" အဟွတ် ... မင်္ဂလာဆောင်ထားတာဖြင့်ကြာပြီ ... ခုထိရိုမန့်တစ်နေကြတုန်း ... အားကျပါ့ကွာ "
ဘယ်ကနေဘယ်လို သူတို့တွေသိသွားကြသည်မသိပေမဲ့ Chanyeol ခေါင်းကြီးကိုသာငုံ့ထားမိတော့သည်။နားရွက်ဖျားတွေလည်း ရဲနေမည်မှာသေချာသည်။
" မင်းတို့ကလည်း ... အဲ့လို မဟုတ်ပါဘူးကွာ ... "
" ဟုတ်တာမဟုတ်တာကတော့ ငါတို့လည်းဘယ်သိမလဲ ... ကိုယ့်ဘာသာသိမှာပေါ့ ... ဟက်ဟက် .. ခေါင်းလေးလည်းမော့ပါဦးကွ ... ဟားဟားးးးးးးးးး "
Chanyeol ခုချက်ချင်းအိမ်ကိုသာပြန်ပြေးလိုက်ချင်တော့သည်။တစ်နေ့လုံးစ,နေတာတောင် အားမရကြသေးလို့ ကျောင်းဆင်းလို့ ပြန်တာပါ. လိုက်စကြတုန်း။ရှက်လိုက်တာ ရှက်လိုက်တာ!!!
အိမ်ပြန်ရောက်တော့ Wu Yifan ကို သူတို့ကမ်းခြေကအကြောင်း သူများတွေသိနေကြကြောင်း ပြန်ပြောပြတော့
" မင်းနဲ့ငါလက်ထပ်ထားတာလည်းလူတိုင်းသိနေတာပဲ ... ကိုယ်နဲ့လက်ထပ်ထားတဲ့လူကိုယ်ဖက်တာအဆန်းလား ... သိတော့ရောဘာဖြစ်လဲ " တဲ့။သူကတော့အေးအေးဆေးဆေးပင်။ဟူး .... သူကသာအေးဆေးနိုင်တာ။နောက်တစ်ခါတော့ကမ်းခြေလိုလူများသောနေရာမျိုးတွေကို ဘယ်တော့မှမသွားတော့ဖို့ Chanyeol ဆုံးဖြတ်လိုက်သည်။လူတိုင်းကသူတို့ ၂ ယောက်ကို သိနေကြတာ။တော်ကြာ မသမာသူတွေနဲ့တွေ့မှဖြင့်ဒုက္ခရောက်ရချည်သေးရဲ့။မသမာသူကထား။အခုတော့ဖြင့် အတန်းထဲမှာ မျက်နှာတစ်ခါလုံးပူထူနေအောင် အစခံခဲ့ရပြီးလေပြီ။