Part-9

4.1K 367 28
                                        

" Hyuk Jae !!! "

အနောက်ကအော်သံနှင့်အတူ ပြေးလာနေသောခြေသံပြင်းပြင်းကို ကြားလိုက်ရသဖြင့် နောက်လှည့်ကြည့်မိတော့ Chanyeol က ခါတိုင်းလိုအပြုံးလေးနှင့် သူ့ဆီပြေးလာနေသည်ကိုမြင်လိုက်ရသည်။သူပြုံးပြ၍သာ ပြန်ပြုံးပြလိုက်ရသည်။အပြုံးနှင့်တူနေမည်တော့မထင်။

" ဒီမှာ ... မွေးနေ့လက်ဆောင် ... ဟိုနေ့ကအလျင်လိုသွားတော့လက်ဆောင်ဝယ်ဖို့မေ့သွားတာ ... နောက်ကျသွားလို့တောင်းပန်ပါတယ်ကွာ "

" အင်း .. ရပါတယ် ... တကယ်တော့အဲ့နေ့က ငါတခြားရည်ရွယ်ချက်နဲ့ပြောတာမဟုတ်ပါဘူး ... လူတွေ့ရှေ့မှာကြောင်အမ်းအမ်းဖြစ်ပြီး ဘာပြောရမှန်းမသိတော့တာနဲ့ ... "

" အာ ... မဟုတ်တာ ... စိတ်ထဲမထားနဲ့ ... ငါဘယ်လိုမှမထင်ဘူး ... နော် Hyuk Jae "

ဒါဆိုဟိုနေ့ကသန့်စင်ခန်းမှာသူတွေ့ခဲ့တာက အမှန်မဟုတ်ဘူးလား ... Chanyeol ပုံစံကလည်း အခုပြုံးလို့ပျော်လို့ ... Wu Yifan ကလည်း Chanyeol အပေါ် အရမ်းဂရုစိုက်ပြီးကြင်နာနေတာ ... တစ်ယောက်မှဟန်ဆောင်လုပ်ယူနေတဲ့ပုံစံနဲ့မတူ ...

" ငါသွားနှင့်ပြီ "

စိတ်ရှုပ်ထွေးစွာနှင့်ပြောကာ Chanyeol ရှေ့မှ အရင်ထွက်လာခဲ့သည်။

❤❤❤❤❤

" ပြော "

" ဟာကွာ ... ထူးပုံကြီးကလည်း ... ညင်သာလိုက်တာ "

ဖုန်းဖွင့်ကာနားထောင်လိုက်သည်နှင့် တစ်ဖက်မှ Xiumin ၏ ရွှတ်နောက်နောက်စကားကြောင့် ဒေါသကအလိုလိုထွက်လာတော့သည်။Xiumin နဲ့သူစကားပြောတိုင်းဘယ်တော့မှအဆင်မပြေ။

ငယ်ငယ်တည်းကပေါင်းလာတဲ့သူငယ်ချင်းမို့လို့သာ အခုအချိန်အထိအခင်ဆုံးသူငယ်ချင်းတွေဖြစ်နေသေးတာ။စရိုက်ချင်းကလုံးဝဆန့်ကျင်ဖက်။ပေါက်ကရလျှောက်ပြောတာမကြိုက်သော Wu Yifan ကို  Xiumin ကအမြဲသောင်တောင်တောင် နောက်တောက်တောက်နှင့်စသည်။

စလိုက်တိုင်းဒေါသထွက်ကာအော်ငေါက်တတ်သည်ကို Xiumin ဘယ်လောက်သဘောတွေ့မှန်းသူမသိ။သူဒေါသထွက်လေ ... Xiumin ကပိုကြိုက်လေ ...

" မင်းအားတိုင်းယားတိုင်းဖုန်းဆက်မနေနဲ့ ... ငါမအားဘူး ... ပြောစရာရှိရင်မြန်မြန်ပြော ... ဘာကိစ္စရှိလို့လဲ "

Unexpectedly(Completed)Onde histórias criam vida. Descubra agora