Wu Yifan က သူတို့နှစ်ယောက်၏ မင်္ဂလာဆောင်ဓာတ်ပုံကို ကျက်သရေမရှိဘူးတဲ့။သူ့ဘက်ကကြည့်မည်ဆိုလည်း ဟုတ်သည်။ထိုဓာတ်ပုံဟာ သူ၏တစ်ညတာအမှားတစ်ခုအတွက် တာဝန်ယူရခြင်းကို ပြန်လည်အမှတ်ရနေစေမည့်အရာ၊ သူ့ကို နောင်တများနှင့် ပိတ်လှောင်ထားမည့် အရာဖြစ်သည်။
Chanyeol Wu Yifan ၏ အဖြစ်ကို ကိုယ်ချင်းစာမိပါသည်။ခုမှတွေ့ရသည့် သူစိမ်းတစ်ယောက်ကို မှားမိသည့်အတွက် မချစ်မနှစ်သက်ပဲ လက်ထပ်ခဲ့ရသည်။ချမ်းသာလှသည့် လူတစ်ယောက်ပေမို့ Chanyeol သူ့ကို အပိုင်ကြံသည်ဟု စွပ်စွဲခဲ့ခြင်းမှာလည်း စွပ်စွဲလောက်ပေသည်။သူ၏ ဆယ်သက်စားမကုန်နိုင်သော စည်းစိမ်ဥစ္စာများသည် လူတိုင်းမက်မောစရာပင်။
Chanyeol တကယ်တမ်းတွေးကြည့်တော့ သူသာလျှင် နစ်နာသူမဟုတ်ပဲ Wu Yifan လည်း နစ်နာသူပင်ဖြစ်သည်။အမှန်ဆို သူအရက်မူးပြီးသတိလွတ်နေခဲ့သည်မဟုတ်လား။သူဘာမှမသိလိုက်ပဲ သူမချစ်သည့် လူတစ်ယောက်ကို လက်ထပ်ခဲ့ရပြီး လွတ်လပ်သောဘဝဆုံးရှုံးခဲ့ရပြီ။
Chanyeol ထိုနေ့ညက အခန်းမှားဝင်မိသော သူ့ကိုယ်သူ အင်မတန်မုန်းတီးမိပေသည်။သူသာ ထိုနေ့ညက အခန်းမှားမဝင်မိလျှင် Wu Yifan သည် အေးချမ်းနေသော သူ့ဘဝထဲတွင် ပျော်ရွှင်စွာ နေထိုင်နိုင်ပေလိမ့်မည်။ခုတော့ သူ့ကြောင့် ....
Wu Yifan စိတ်ငြိုငြင်မှု မဖြစ်ရလေအောင် သူထိုဓာတ်ပုံကို သူ့အခန်းထဲသို့ ပြောင်းထားလိုက်သည်။Wu Yifan မမြင်ချင်သော ထိုဓာတ်ပုံသည် သူ့အတွက်တော့ ဘာနှင့်မှမလဲနိုင်အောင် တန်ဖိုးရှိသော အရာဖြစ်သည်။
ဓာတ်ပုံထဲမှ ပြုံးရယ်မှုကင်းမဲ့နေသော Wu Yifan ၏ သက်မဲ့ပုံရိပ်သည်ပင် သူ၏ ရင်အစုံကို ပရမ်းပတာခုန်လှုပ်သွားအောင် စွမ်းဆောင်နိုင်ခဲ့ပါသည်။
မည်သို့ပင်ဆိုစေ ဒီညတော့ သူ့အိပ်မက်တွေ လှပလိမ့်မည်ထင်။
🍀🍀🍀
နောက်တစ်နေ့မနက်လည်း သူခါတိုင်းလို အစောကြီးထပြီး မနက်စာပြင်နေမိပြန်သည်။အမှတ်မရှိသည်ဟုပင်ဆိုဆို Wu Yifan အတွက် မနက်စာပြင်ပေးချင်နေသော သူ့စိတ်ကို သူကိုယ်တိုင်လည်း မထိန်းချူပ်နိုင်ပါ။