Part-8

3.9K 411 29
                                    

Chanyeol မိမိထင်ထားသလို ပါးပြင်ပေါ်သို့ လက်ဝါးတစ်ချက် ကျရောက်မလာသဖြင့် မျက်လုံးများကိုဖွင့်ကြည့်လိုက်တော့ သူမ၏လက်ကို လက်ကောက်ဝတ်နေရာမှ ဖမ်းဆုပ်ထားသော Wu Yifan ...

" ဒါဘာလုပ်နေတာလဲ "

Wu Yifan ၏မျက်နှာသည် ခက်ထန်လွန်းမက ခက်ထန်နေသည်။ဒေါသအရိပ်အယောင်များပါ ရောယှက်နေကာ ခါတိုင်းထက်ပင် ကြောက်စရာကောင်းလွန်းနေသည်။

" အော် Yifan ပြန်ရောက်ပြီလား ...ဒီမှာလေ ... ဒီအဆင့်အတန်းမရှိတဲ့ကောင်က အမေ့လက်ကိုလာသုတ်ပေးနေလို့ ... သူ့လိုအဆင့်အတန်းနဲ့အမေ့လက်ကိုလာထိရဲတာအံ့ပါ့ ... ဒါနဲ့မင်းသူ့ကိုတကယ်ချစ်လို့ယူထားတာလား ... မဟုတ်ဘူးမလား ... ငါ့သားကဒီလိုအဆင့်အတန်းမရှိတဲ့ကောင်မျိုးကိုချစ်လို့ယူထားတာတော့ ဟုတ်မှာမဟုတ်ဘူး ... ဟုတ်တယ်မလား Yifan ... "

Wu Yifan သူ့လက်ထဲမှ သူ့အမေလက်ကို ခုထိမလွှတ်ပေးသေး။

Wu Yifan အမေ၏ စကားများကြောင့် Chanyeol ခေါင်းသာငုံ့ထားမိသည်။သူမပြောတာအကုန်မှန်သည်။သူလိုလူတစ်ယောက်က ဟိုးအမြင့်ကြီးမှာရှိနေသည့် Wu Yifan နဲ့မထိုက်တန်။ထို့ပြင်ယခုသူ့ကြောင့် သူတို့သားအမိ ပြဿနာဖြစ်ရတော့မည်။

" အမေ ... ဟုတ်လား ... အမေဆိုတဲ့စကား ခင်ဗျားပါးစပ်ကပြောထွက်သေးတယ်လား ... ခင်ဗျားဟာအမေလို့အခေါ်ခံဖို့ထိုက်တန်လို့လား ... အဖေ့ကိုသစ္စာဖောက်တဲ့ခင်ဗျားကို ကျွန်တော်ကအမေလို့ခေါ်ရမတဲ့လား "

Wu Yifan အံကြိတ်ကာပြောပြီးမှ သူ့အမေ၏လက်များကို ဆုပ်ကိုင်ထားရာမှ လွှတ်ပေးလိုက်သည်။

" ပြီးတော့ ခင်ဗျားကျွန်တော်နဲ့လက်ထပ်ထားတဲ့လူကိုဘာမှဝေဖန်စရာမလိုဘူး ... ကျွန်တော်သူ့ကိုချစ်လို့ယူထားတာဖြစ်ဖြစ် မချစ်ပဲယူထားတာဖြစ်ဖြစ် ခင်ဗျားနဲ့မဆိုင်ဘူး ... ဒါပေမဲ့အတိအကျပြောရမယ်ဆိုရင်တော့ ကျွန်တော်သူ့ကိုချစ်လို့ယူထားတာ ... အဲ့အတွက်သူဟာဘာကြီးပဲဖြစ်နေဖြစ်နေ ကျွန်တော့်အတွက်အရေးမပါဘူး ... "

Chanyeol မျက်လုံးများဝိုင်းစက်သွားရသည်။ခု Wu Yifan ကသူ့ကိုချစ်လို့ယူထားတာဟုပြောသည်။မဟုတ်မှန်းသိနေတာတောင် ...
ဒီအတိုင်းပြီးပြီးရောပြောလိုက်မှန်းသိနေတာတောင် ...
ပျော်ရွှင်မိသည့် သူသည် တကယ်ကိုအရူးရင့်နေလေပြီ။

Unexpectedly(Completed)Donde viven las historias. Descúbrelo ahora