Part - 5

1.2K 141 3
                                    

~Bambi Is LOVE~

ဒီ​နေ့​ကျောင်းပိတ်​ရက်​လည်းဖြစ်​ DO လည်းအိမ်​​ရောက်​နေတယ်
ခါတိုင်းလိုအလည်​လာခြင်း​တော့မဟုတ် သိလိုသည့်​ကိစ္စ
ကြောင့်​​ရော​က်​လာခြင်း DO သည်ပွင့်​ပွင့်​လင်းလင်း​သမားမို့
သွယ်​ဝိုက်​​တောင်​မ​မေး တည့်​တည့်​ပင်

"Luhan မင်းနဲ lee Jungku ကဘယ်​အ​ခြေအ​နေ
ရောက်​​နေပြီလဲ''

"သူငါ့ကိုချစ်​ခွင့်​ပန်​ထားတယ်​​လေ ''

"အဲ့​တော့...''

"ငါကလည်း..ထုံးစံအတိုင်းစဉ်းစား​ပေးမယ်​လို့​ပြောတယ်​​လေ...''

" အာ့တာမိန်းက​လေး​တွေအလုပ်​​လေ..''

"ဟင်​..ငါကအာ့ဆိုအ​ဖြေတန်း​ပေးရမှာလား...''

"အာ့လိုလဲမဟုတ်​ဘူး​လေ...ဒါ​ပေမဲ့ကွာ.. မင်းထုံးစံမှမဟုတ်​တာ''

"ဘာလို့လဲ....''

"မင်းကိုအာလိုချစ်​တယ်​​ပြောခံရတိုင်း
မင်းအပြတ်​ငြင်းတာ​လေ.. ပြီး​တော့ခုဟာက
စဉ်းစားမယ်​ဆို​တော့..''

"ဟာဟား....''

"မင်း​နော်​မရီနဲ့​နော်​..Jungku ကနည်းနည်းလည်​မယ်​ထင်​တယ်''

"မင်း​ပြောချင်​တာက Jungku က ​ပွေတယ် ရှုပ်တယ်
မိန်းက​လေး​တွေ​ကြွေ​အောင်​​ပြောတတ်​တယ်​ ​ယောကျာ်း
လေး​တောင်​မ​ရှောင်​ဘူး.. အာ့လို​ပြောချင်​တာမလား....''

"မင်းသိတယ်​....''

"သိတာ​ပေါ့ဟ..ငါကငတုံးမှမဟုတ်​တာ...''

"ဟင်​..ဒါဆိုရင်​တကယြ်​ကို​က်​...ကြိုက်​....''

"ဟာ...ဘယ်​ကလာ...မကြိုက်​ဘူး မင်းနားလည်​​အောင်
ရှင်းပြမယ်​...ခန..''

ဆိုပြီး luhan ကသူရဲ့ ဗီရိုအဲ့ဆွဲ​လေးဖွင့်​ပြီးမကြာ​သေးခင်​ကမှ
ရောက်​လာတဲ့စာအိတ်​​လေး​တွေ...

" မင်းကိုငါမ​ပြောခင်​ဒါ​လေး​တွေအရင်​ကြည့်​...''.

DO လည်းluhan ​ပေးတဲ့စာအိတ်​​လေး​တွေထဲက

ပထမစာအိတ်

ကောင်​​လေးတစ်​​ယောက်​​ခြေ​ထောက်​တစ်​စုံ
လမ်း​လျှောက်​နေသည့်​ပုံ

~Bambi Is LOVE~Donde viven las historias. Descúbrelo ahora