အမှောင်ထုအုပ်စိုးဆဲအချိန် လူခြေတိတ်နေတဲ့ ရပ်ကွက်လမ်းကြားလေးထဲ လျှောက်လှမ်းနေတဲ့သူ့ခြေလှမ်းတွေက ခပ်သွက်သွက် သူအရမ်းအိပ်ချင်နေပီ သူများတွေအတွက် အလုပ်ဆင်းချိန်က ညနေစောင်းဖြစ်ရင်ဖြစ် ဒါမှမဟုတ် ညဦးပိုင်းဖြစ်ရင်ဖြစ်မယ်
သူ့အတွက်ကတော့ အာရုဏ်ဦးနီးကာမှ အလုပ်ဆင်းချိန်ရောက်တဲ့ စားသောက်ဆိုင်က waiterတစ်ယောက်မဟုတ်ပေလား
အိမ်ရောက်ရင်လည်းကြာကြာအိပ်ရမှာမဟုတ်ပါဘူး
တရေးမှေးရုံနဲ့မိုးလင်းပီ နံနက်စာပြင်ပီး ကျောင်းသွားဖို့ပြင်ဆင်ရဦးမယ် ပြင်ဆင်မယ်ဆိုတာ ကျောင်းစာအတွက် စားနွှေး စာပြန်ဖတ်ကိုပြောတာပါ အဟတ် သူ့လိုအောက်ခြေတန်းစားလူတစ်ယောက်အတွက် ဘာများထွေထွေထူးထူး ပြင်ဆင်စရာရှိမှာလဲဘယ်လိုအခြေနေပဲရောက်ရောက် ပညာရေးကိုတော့ သူဆုံးခန်းတိုင်အောင်သင်ယူသွားမှာ Ommaရဲ့ဆန္ဒကိုမဖြစ် ဖြစ်အောင်ဖြည့်ဆည်းသွားမှာ
"wuri Hunnieလေး ပညာတတ်ကြီးဖြစ်ရမယ်နော်"မပြည့်စုံတဲ့ဘဝတွေထဲ Ommaဖြစ်စေချင်တာက ရိုးရှင်းလွန်းပါတယ်
Omma!နှုတ်ဆက်သွားတာ စောလွန်းတယ်ကျနော်နဲ့ Appaကိုထားပီး လောကကြီးထဲက အပီးပိုင် ထွက်ခွာသွားခဲ့တာ တစ်နှစ်ကျော်ခဲ့ပီ
Omma အခုချိန်လောက်ဆို ကောင်းကင်ဘုံမှာ အေးအေးချမ်းချမ်းရှိနေမှာပါနော်
အလင်းမဖောက်သေးတဲ့ကောင်းကင်ကြီးကို မော့ကြည့်ရင်း OmmaအပြုံးတွေကိုSehunမြင်ယောင်နေမိတယ်
"ဘုတ်"
အာ အပေါ်အမော့ကောင်းလို့ခလုတ်တိုက် တိုက် ......ဟမ် ဘာကြီးလဲ လူ.....😳
ဝါကျင်ကျင် လမ်းမီးရောင်နဲ့အတူမြင်လိုက်ရတာက လဲလျောင်းနေတဲ့ကောင်လေး တစ်ယောက်