"Jun..သွားကြမယ်.."
"အင်း ..အင်း..လာပြီ..."
ဟိုတစ်နေ့က..နမ်းသည့်အကျိုးဆက်လို့ပြောရမလား...သို့တည်းမဟုတ် ommaတို့ရှိနေသည့်အကျိုးဆက်လို့ပြောရမည်လားမသိသော်ငြား...သူ့ကိုခေါ်သောနာမ်စားသည်.."jun"ဖြစ်သွားသကဲ့သို့...သူခေါ်သောအမည်နာမသည်လည်း.."xing"ဖြစ်သွားခဲ့သည်...။
ကျောင်းဝတ်စုံကိုအဆုံးသတ်လည်စီးတပ်ရင်း..ခုတင်အစွန်းပေါ်က..ကျောပိုးအိတ်ကိုကောက်ယူကာ..အိမ်အပြင်ဖက်မှာစောင့်နေမည့်သူထံသို့ခပ်သွက်သွက် ....။
"သားတို့သွားတော့မှာလား..."
"Nae.."
"အေးအေး..ကောင်းကောင်းသွားနော်..."
ခါးကိုညွှတ်ကိုင်းကာနှုတ်ဆက်ရင်း..ဆက်လျှောက်လာခဲ့သည်....။...မိဘတွေအရိပ်အောက်မနေချင်သောလူငယ်တို့အများအပြားရှိနိုင်သော်လည်း...သူ..မပါ...။...ရှင်းရှင်းပြောရလျှင်..ommaတို့ကြောင့်..သူတို့ဆက်ဆံရေးအဆင်ပြေခဲ့သည်ကို....။
"ဘာတွေပြုံးနေတာတုန်း..."
"Arnyi.."
ကားတံခါးကိုပြန်ပိတ်လိုက်ရင်း...ခေါင်းခါပြရင်းသာ..ခါးပတ်ကြိုးကိုဆွဲတပ်လိုက်သည် ..။ဤအကြိမ်တွင်တော့...ခါးပတ်အပေါက်ကားရှာရတွေ့ပါပြီလေ ...။
ခပ်ဖြေးဖြေးမောင်းထွက်လိုက်တဲ့ကား....။..စတီယာပေါ်တင်ထားတဲ့လက်သွယ်သွယ်တွေကိုငေးကြည့်ရင်း...။....ကျောင်းအတူသွားဖြစ်လိမ့်မည်ဟု...တွေးပင်မရဲသောစိတ်ကူးဟာ..အကောင်အထည်ပေါ်လာပြန်တော့....။...
တန်ဂိုသီချင်းတစ်ပုဒ်ကိုဖွင့်ရင်းခပ်တိုးတိုးလိုက်ညည်းနေတဲ့အသံဟာ...သူ့နားထဲခပ်သာသာ...။...သူ..မကြိုက်တဲ့သီချင်းအမျိုးအစားပေမယ့်...အခုချိန်မှာတော့...ခါတိုင်းနားထောင်နေကြသီချင်းများထက်ပင်..ငြိမ့်ညောင်းနေသလို....။
ရှေ့ကိုအာရုံစူးစိုက်ထားတဲ့မျက်ဝန်းတွေဆီကမျက်တောင်ကော့ကော့...။..ဖြောင့်စင်းတဲ့နှာတံ...။..မလှုပ်တလှုပ်နှုတ်ခမ်းနီထွေးထွေး...။..အို..အရာအားလုံးဟာပြည့်စုံခြင်းအတိ....။
"ကိုယ်ချောတာသိပေမယ့်..အဲလိုကြီးကြည့်နေရင်နေရခက်လိမ့်မယ်..."