"pali pali "
"လာပါပြီ Hunnie ရဲ့"
ကျောင်းပေါက်ဝကနေ လက်ယက်ခေါ်နေတဲ့ Sehun ကိုမြင်တာနဲ့ Luhan တယောက်အတူတူလာတဲ့ Chen ကိုမေ့ကာ ပါးစပ်ကလဲလှမ်းအော်ရင်းအပြေးသွားတော့တယ်
"Lu ကွာမြန်မြန်မလာဘူး ကျွန်တော်တို့တွေ့ရတဲ့အချိန်လေးတွေလျော့သွားစေချင်လို့လား"
"ဘယ်ကလာ Hunnie ရယ် နှစ်ရက်ကြီးများတောင်ခွဲနေရတာ ဘယ်လောက်လွမ်းနေတယ်ထင်လဲ Lu လဲမြန်မြန်လာတာပဲ အဲ့ Chen ပေါ့ သူလမ်းဖြေးဖြေးလေးလျှောက်နေလို့"
သူ့အရစ်တုံး Hunnie ရစ်လျှင် Luhan တယောက် Chen ကိုလွှဲချမြဲ
တကယ်ကသူအိပ်ရာထနောက်ကျတာ သူ့အပြစ်မှန်းသိလျှင်ဟိုရစ်လုံးက တနေကုန်ရစ်မဆုံးဖြစ်မည်ဆိုး၍ chen ကိုအမြဲလွှဲချတတ်တာ အချိန်တွေကြာလာတော့ Chen လဲစိတ်မဆိုးရက်တော့ပါဘူး အပတ်စဉ် တနင်္လာနေ့တိုင်းဒါမျိုးကြုံနေရတာမှတ်လား
စနေ တနင်္ဂနွေနှစ်ရက်ကျောင်းပိတ်တာကို သူတို့မှာနှစ် ၂၀ လောက်ခွဲနေရသလိုဖြစ်နေတတ်တဲ့ အကဲနှစ်ကောင်လေ"Chen hyung ကလေ ကိုယ်ချင်းမစာတတ်တာသိပ်သိသာတာပဲ"
နှုတ်ခမ်းတလန်ပန်းတလန်နဲ့ Chen ကိုရန်ဆောင်နေတဲ့ Hunnie
Luhan မျက်လုံးထဲမှာအသဲတွေယားအောင်ချစ်ဖို့ကောင်းနေမှာအသေချာပေမယ့် Chen မျက်လုံးထဲတော့ရိုက်သတ်ချင်စရာကောင်းအောင်အမြင်ကပ်ဖို့ကောင်းနေသည်မှာအသေချာ ဒါလူကိုသက်သက်ဖဲ့နေတာလေ single ဆိုတာလူတိုင်းဖြစ်တာမှတ်လို့
"ဘယ်လို ငါကကိုယ်ချင်းမစာတတ်ဘူးဟုတ်လား"
"အင်းလေ သူ့မှာရည်းစားမရှိတိုင်း သူများရည်းစားကြားစကားများရအောင်အမြဲလုပ်နေတာ"
"Oh Sehun!!!"
Chen တယောက်ဒေါသထွက်ထွက်နှင့်အော်လိုက်၍ Hunnie လန့်သွားပေမယ့်
"Chen chen!!! ငါ့ကလေးကမင်းအော်စရာမဟုတ်ဘူး ကလေးပြောတာမဟုတ်တာကျနေတာပဲ လာ Hunnie အဲ့အဖြစ်မရှိတဲ့ဟာကြီးနဲ့ပြောမနေနဲ့သွားမယ် ဟွန်းး"
Sehun လက်ကိုဆွဲရင်း Chen ကိုစောင့်ခနဲမျက်စောင်းထိုးကာ ကော့ကော့ ကော့ကော့ နှင့်ထွက်သွားသည်က Luhan ပေ
မှန်သည် ထိုနှစ်ကောင်မှန်သည် မှားတာကရည်းစားမရှိတဲ့ Chen ပေ