"စဉ်းစားကြည့်စမ်းပါ Umin hyung ရယ် ကျွန်တော်စိတ်ဆိုးတာမဖြစ်သင့်ဘူးလား"
အာပေါင်အာရင်းသန်သန် Umin hyung ဟုခေါ်ပြီး အမိန့်ပေးနေတဲ့လေသံနှင့် သူ့ဘက်ကရှေ့နေလိုက်ခိုင်းနေတာ Xiao Lu
"Chen hyung မှာခေါင်းပါတယ်ဆို ဒီကိစ္စဘယ်သူ့အလွန်လဲသိတယ်မဟုတ်လား"
ဘယ်လိုများ Chen ကိုစည်းရုံးလိုက်လဲမသိပေမယ့် အခုတော့ သူ့ဘက်ကပြောပေးရမယ့် Chen ကိုစကားလုံးတွေနဲ့မရရအောင်ကပ်ဖဲ့နေတာ Sehunnie သူ့ဘက်မပါရင် ဒီကကောင် Chen ကခေါင်းမပါ အဲလေ ဦးနှောက်မရှိသလိုလို
တခါမှမဖြစ်စဖူး Hunhan နှစ်ကောင်စိတ်ဆိုးစကားများကြသည် အချင်းချင်းငြင်းကြခုန်ကြရင်း သူ့အမှားကိုယ့်အမှား ကွဲပြားအောင် Xiuchen ကိုဘာမဆိုင်ညာမဆိုင် တိုင်တောနေကြတာ နေ့ခင်းကြောင်တောင်ဆိုင်မှာလူရှင်းချိန်မို့တော်တော့သည် မဟုတ်ရင် ဒီရစ်ထုတ်နှစ်ကောင်နဲ့ Xiumin အလုပ်တောင်လုပ်ရမယ်မထင်
"Sehun လွန်တာဟုတ်တယ် Luhan မှန်တယ်"
နားတွေလဲညီး အလုပ်လဲပျက်တာကြောင့် ဒီအမှုကိုအမြန်ပြီးစေချင်နေတဲ့ Xiumin ကအလွယ် Luhan ဘက်လိုက်တော့
"Xiuxiu ကလဲ Sehun မလွန်ဘူး ဒီတခါ Luhan အလွန်"
ဒီလိုမှဝင်မပြောရင်ဘေးကနေ လေဆာတွေလွှတ်နေတဲ့ Sehunnie ကသူ့ကိုကြည့်နေတာ စားတော့ဝါးတော့မလို
"အမြဲအလျော့ပေးနေကြကို Luhan ရယ် ဒီတခေါက်လဲ မင်းပဲအလျော့ပေးလိုက်"
Chen ဒီလိုပြောတော့ Sehunnie ကမျက်စိစုံမှိတ်ရင်း ခေါင်းကိုဖြည်းဖြည်းချင်းဆီတချက်ပြီးတချက်ညှိမ့်တယ် မသိရင် ပညာရှိကြီးတယောက်က သူ့မေးခွန်းဖြေနိုင်တဲ့ ကျောင်းသားကိုသဘောကျ၍ခေါင်းညိမ့်သလိုလို
"ငါ့အမှားမှမဟုတ်တာ Chen chen ရဲ့ မရဘူးဒီတခေါက်တော့ လုံးဝအလျော့မပေးနိုင်ဘူး"
တဝိုင်းထဲမှာ မျက်နှာချင်းဆိုင်ထိုင်နေကြရင်း Luhan ကုံးအော်တော့ ခုနကက မထီမဲ့မြင်လုပ်ပြနေတဲ့ Hunnie မျက်နှာမဲကနဲ
ကြားထဲမှာအနေကြပ်နေတဲ့ Xiuchen လဲစိတ်ထဲကမေတ္တာပို့နေကြတာ တော်တော်စုံနေပြီ