"အဟင့် လွမ်းတယ်လို့"
training ခနနားတဲ့အချိန်လေးမှာ သူ့ချစ်သူကြီးဆီ ဖုန်းဆက်တမ်းတနေတဲ့ Xiao Lu ကိုကြည့်ရင်း Chen ခေါင်းသာခါမိတယ်
"အခုတွေ့ချင်လာပြီ Hunnie ရာ"
နှုတ်ခမ်းကိုထော်ကာ ပဲတပိသာ နှင့် လွမ်းချင်းရွတ်ဆိုနေတဲ့ Xiao Lu
"ဘာ ဆရာကဝင်လာပြီဟုတ်လား"
မျက်ကလူးဆံပြာနှင့် အလန့်တကြားထအော်တာကြောင့် သီချင်းသံစဉ်လေးညည်းနေတဲ့ Chen တောင်လန့်သွားတာ ထိတ်ကနဲ
"grr Hunnie တို့ဆရာတွေကလဲကွာ တရစပ်ကိုဝင်နေတော့တာပဲ Lu ကလေးလေး စာတွေမှတ်ရလွန်းလို့ခေါင်းတွေကိုက်နေတော့မှာပဲ"
အမလေး အကဲပိုပုံများ ဟိုကဆေးကျောင်းသား ဒီလောက်တော့စာလုပ်ရမှာပေါ့ သူ့လိုသာနေရင် တဖုန်းဖုန်းကျနေတော့မှာ အခုယူထားတာ အနုပညာမေဂျာမို့ စာတွေသိပ်မဖတ်ရလို့ Xiao Lu သက်သာနေတာကိုများ
အငေါ်တူးတူးတွေးနေမိတာ Chen chen
"အင်းပါ ဒါပဲနော် အတန်းပြီးရင်ဖုန်းဆက်လိုက်နော် mwak ချစ်တယ်သိလား"
ကြည့် ကြည့် ဖုန်းပြောတာတောင် အဲ့လိုတွေ သောက်ပိုသိပ်လုပ်တာ
နှုတ်ခမ်းကိုရွဲ့ပြီး Chen မျက်စောင်းထိုးလေတော့
"မနာလိုကဖြစ်နေတာများ မျက်နှာကြီးလဲ အကြောဆွဲတော့မယ်နော် Chen"
"ဖြစ်ရတယ် မနာလိုတယ်တဲ့ အော့"
လျှာထုတ်ပြီး အန်ချင်ဟန်လုပ်ပြတဲ့ Chen ဆီရောက်လာတာ Xiao Lu ရဲ့လက်သီးဆုပ်သေးသေးလေးတွေ
"သူများလွမ်းနေတာကို မင်းမလှောင်ပါနဲ့"
မျက်နှာလေး တကယ်မကောင်းဘဲပြောဟန်တွေ့တော့လဲ Chen နဲနဲတော့သနားမိသွားပြန်တယ်
"ကဲ အလွမ်းနောက်မှသယ် နေ့လည်စာသွားစားရအောင် Xiu အောက်မှာရောက်နေပြီတဲ့"
နေ့တိုင်း နေ့လည်စာကို တကူးတက လာလာပို့တတ်တဲ့ Xiumin ကြောင့် Chen တို့အတွဲက နေ့စဉ်နဲ့အမျှသာသာယာယာ
"ငါမလိုက်တော့ဘူး"
မျက်နှာငယ်လေးနဲ့ Luhan ပြောတော့ Chen တအံ့တသြနဲ့