အရင်ဆို ဆိုင်ကိုချောင်းပေါက်မတတ်လာတတ်သည့် Chen တယောက်ပေါ်မလာဇာတ်ကားရိုက်နေတာ ဟိုတနေ့ Hunhan နှစ်ကောင်မွှေသွားထဲကပင်။
Xiumin မှာ မနက်ဆိုင်ဖွင့်လဲမျှော် နေ့ခင်းလဲမျှော် ညနေလဲမျှော် တမျှော်မျှော်နဲ့ လည်တိုင်တိုတိုတောင်အနဲငယ်ရှည်ထွက်လာသယောင်ယောင် Chen အခုလိုတခါမှစိတ်မကောက်ဘူး၍ အမောင်ပေါက်စီလဲ ဘယ်ကစလို့ချော့ရမှန်းမသိ ပေါက်စီတယောက် ဒုက္ခလှလှနဲ့ကြုံနေလေပြီ။"ငမွှေထိုးနှစ်ကောင် နောက်များတော့ယောင်လို့တောင်ဒီဆိုင်မလာမိစေနဲ့"
မနက်စောစော စားပွဲတွေသန့်ရှင်းရေးလုပ်ရင်းက Xiu တယောက်ပွစိပွစိနဲ့ကြိမ်းမောင်းနေချိန်
"Johon archim Umin hyung"
"ဂုမောနင်းးး"
အသက်ရှည်မယ့်နှစ်ကောင် စောစောစီးစီးရောက်ချလာသည်
"ဘာလဲ ဆိုင်မဖွင့်သေးဘူး ပြန်ကြ"
စိတ်ပေါက်ပေါက်နဲ့ ပိတ်အော်သော်လည်း ဖြုံမည့်နှစ်ကောင်တဲ့လား
Xiu ရပ်နေသောစားပွဲမှာ ကျကျနနဝင်ထိုင်ကြရင်း"hyung Morning coffee လေး"
"Lu က Americano"
"Yrrr !!!!!"
Chen အောက်မလျော့တဲ့ high note နဲ့ ပေါက်စီထအော်လေတော့မှ
"ဘုရား ဘုရား လန့်တာ"
"လိပ်ပြာတော့လွင့်ကုန်တော့မှာပဲ"
အသဲအသန်တွေလန့်ဖြန့်ပြနေတဲ့ Hunhan
"ဘာလို့လဲ hyung ရယ် ကျွန်တော်တို့ဘာများလုပ်မိလို့လဲ"
ဇီးရွက်လောက်မျက်နှာလေးဖြစ်အောင်လုပ်ပြရင်း မျက်လုံးလေးကလယ်ကလယ်နဲ့ အရူးကွက်နင်းမေးနေတဲ့ Hunnie ရယ် သူ့ဟာလေးမေးတဲ့အတိုင်းပဲဆိုပြီး ဘေးထိုင်ခေါင်းညိတ်ပြနေတဲ့ Luhan ရယ် Xiumin စိတ်တိုတာတွေနဲနဲလျော့သွားတာတော့အမှန်
မွှေချင်သလောက်မွှေ ချစ်မွှေးပါပြန်တော့ကြာကြာစိတ်မဆိုးနိုင်တဲ့ နှစ်ကောင် နဲ့ခက်ပါတယ်။"Chen ငါ့ဆီမလာတာ ၃ ရက်တောင်ရှိနေပြီကွာ"
ညည်းညူ သလိုရေရွတ်လိုက်ရင်း Xiumin ပါစားပွဲမှာဝင်ထိုင်လိုက်တယ်