နေ့တိုင်းလာနေကြ သူ၏ဖောက်သည်တွေဖြစ်တဲ့ ဟိုစပ်စလူးစုံတွဲရယ် မောင်အာပြဲရယ်ကို Xiumin တယောက်လည်ပင်းရှည်ထွက်မတတ်မျှော်နေမိတယ်
"6 နာရီတောင်ခွဲတော့မယ် ဒီနေ့မလာကြတာလား"
အရင်နေ့များဆိုကျောင်းဆင်းချိန် ၃နာရီ ၄ နာရီဆိုသူတို့သုံးယောက်ဆူညံဆူညံနဲ့ရောက်လာတတ်မြဲဆိုတော့ တွေ့နေကျလူမလူရ၍မျှော်မိသည်ဆိုမလား ပေါက်စီတယောက်ပါးဖောင်းဖောင်းတွေကို ပိန်လိုက်ဖောင်းလိုက်လုပ်ရင်း မျှော်နေမိတယ်
"အာပြဲအသံလေးမကြားရတာကို ငါဘာဖြစ်နေပါလိမ့် နားတောင်အေးသေးတာမဟုတ်ဘူးလား Xiumin ရဲ့"
တယောက်ထဲသိမ်းရင်းဆည်းရင်းရေရွတ်နေသည့်ပေါက်စီမျှော်နေသူက အာပြဲလေး Chen ကိုပင်ဖြစ်ပေတော့သည်
"ဟိုလေ ဟို ညီလေး"
အနောက်ကနေ အလန့်တကြားအသံနဲ့လာခေါ်တဲ့လူကိုလှည့်ကြည့်မိတော့ ရွစိစုံတွဲထဲက အရပ်ရှည်ရှည် ကလေးရုပ်နဲ့တယောက်
ဘာလား အဲ့ချာတိတ်က ငါ့ကိုညီလေးလို့ခေါ်လိုက်တာလား
Xiumin ဆိုတာ တက္ကသိုလ်ကဘွဲ့တောင်ရပြီးလို့ ဝါသနာပါလွန်းတဲ့မုန့်ဖုတ်ပညာကို အဒေါ်ဆိုင်လာကူပေးရင်းသင်ယူနေသည်ကို သူတို့မသိဘူးထင်ပါ့"ကျွန်တော့်ကိုခေါ်တာလား"
"အင်း အင်းဟုတ်တယ် တခုလောက်လိုက်ကူညီပေးလို့ရမလား ညီလေး"
ညီလေး လို့ကန့်လန့်ကန့်လန့်ကြားနေရတဲ့အခေါ်အဝေါ်ကိုခနဖယ်ပြီး ရေကြီးသုတ်ပျာဖြစ်နေတဲ့သူ့ကိုဘာလဲလို့မေးဆပ်မိတော့
"Chen လေ Chen သိတယ်မှတ်လား အာကျယ်အာကျယ်နဲ့စကားပြောတတ်တဲ့တယောက်လေ"
ဟင် အာပြဲကိုပြောတာလား ဘာများဖြစ်လို့လဲဟု Xiumin ရုတ်တရက်စိုးရိမ်သွားမိတယ် လာခေါ်တဲ့လူကလဲမျက်နှာအပျက်ပျက်နှင့်မဟုတ်လား
"အာပြဲလား သိတယ်လေ သူ သူ ဘာဖြစ်လို့လဲဟင်"
အထစ်ထစ်အငေါ့ငေါ့နဲ့ Chen မေးမှ Oh Sehun တယောက်အငိုတဝက်နဲ့
"သူနဲ့ ကျွန်တော့်ချစ်သူ Lu ပေါ့ "
စကားကိုဆုံးအောင်မပြောဘဲရှိုက်ပြနေသေးတော့ Xiumin စိုးရိမ်ရေမှတ်ကအတော်မြင့်တတ်နေပြီ