ကိုယ်လုံးပေါ်မှန်ရှေ့ တစိမ့်စိမ့်ရပ်ကြည့်နေရင်းက ရှပ်အင်္ကျီလက်ရှည်အဖြူ စွတ်စွတ်ကို ပထမဦးစွာဝတ်လိုက်တော့ ဖွေးဥနေသော အသားအရည်နဲ့ အဖြူ ရောင်လေးဟာ ပနံသင့်စွာ လင်းလက်နေတယ်။ ရာသီဥတု သိပ်မအေးလွန်းတာကြောင့် အပေါ် coat ကိုထပ်မဝတ်တော့ဘဲ style ကျကျ လက်ကကိုင်သွားဖို့သာဆုံးဖြတ်လိုက်တယ်။
သူ့မျက်နှာရှည်သွယ်သွယ်နှင့်လိုက်ဖက်လွန်းလှပါသော ဆံပင်ရှည်ရှည်ကောက်ကောက်တို့ကို ချစ်သူသဘောမကျဆို၍ အတိုဆုံး အကပ်ဆုံး ညှပ်ချလိုက်ပြန်တော့လည်း ထိုဆံပင်တိုတိုတို့ကပဲ ယောကျာ်းပီသသော သူ့မျက်နှာကို နှစ်ကြိမ်ထပ်မက ငေးကြည့်ချင်စရာကောင်းအောင် ပိုမိုပေါ်လွင်သွားစေပြန်တယ်။
အဖြူ ရောင် shirt နှင့် အနက်ရောင် Style Pant ကိုပဲ အရိုးရှင်းဆုံးဝတ်ထားတာဆိုပေမယ့် သူများနဲ့မတူအောင်ကိုပင် ကိုယ်ယောင်ကိုယ်ဝါတွေတောက်ပနေသလိုလို။
ရှေ့တည့်တည့်ကကြည့်လိုက် ကျောဘက်လှည့်ကြည့်လိုက်နှင့် နာရီဝက်လောက် အချိန်ဖြုန်းပြီးသွားတော့မှ ကျေကျေနပ်နပ်ပြုံးရင်း သူ့ခြေလှမ်းတွေကို စတင်ရွေ့လျားလိုက်တယ်။
စိတ်ကောက်နေတဲ့ ချစ်သူကို ချော့ဖို့ လက်ဆောင်ဝယ်ထားတဲ့ နာရီဘူးလေးကိုမမေ့မလျော့ Coat အင်္ကျီအိတ်ထဲထည့်လိုက်ရင်းကပေါ့။
ချစ်သူသက်တမ်း ၃ နှစ်ရှိပြီဖြစ်သော်လည်း အခုမှ ပထမဆုံးအကြိမ် သူ့ဘက်ကနေ ချစ်ရသူ၏ တက္ကသိုလ်ကို လိုက်ခဲ့ရတာဖြစ်တာကြောင့် အနည်းငယ်တော့ရင်ထဲတထိတ်ထိတ်ခံစားရသည်။
ဆေးကျောင်းသားဖြစ်တဲ့သူတောင် ဒီကနေ့အတန်းလစ်ခဲ့ကာ ချစ်သူကိုပါ ကျောင်းပြေးခိုင်းပြီး Seoul မြို့တခွင်ကားပတ်မောင်းမည်ဟူသောအတွေးနှင့် လောလောလတ်လတ် အိမ်ကိုပူဆာထားတဲ့ အနီရောင်ပြိုင်ကားလေးကိုအမိုးဖွင့်ရင်း သူရှိနေမယ့် ကျောင်းဝန်းကြီးထဲဖြေးဖြေးချင်းမောင်းဝင်လာခဲ့တယ်။
"ဟာ Lu ကဖုန်းလဲမကိုင်ဘူး"
ရောက်ထဲက ဆက်တိုက်ဖုန်းခေါ်နေပေမယ့် ပြန်ဖြေပေးမည့်သူမရှိတာကြောင့် စိတ်လှုပ်ရှားမှုကို ဖြေဖျောက်ရန် လေပူတချို့ကို မှုတ်ထုတ်လိုက်ရင်း အရဲ့စွန့်ကာ Lu ရှိမယ့် Training Room ကိုရှာရင်းခပ်ဖြေးဖြေးလျှောက်လာခဲ့တယ်။