Sweet 8

2.3K 276 23
                                    

"yoyo စာမေးပွဲကြီးပြီးပြီကွ"

စာမေးပွဲနောက်ဆုံးနေ့အခန်းထဲကထွက်လာပြီး အားရပါးရဟစ်အော်နေတဲ့ Xiao Lu သူ့ခမျာပင်ပင်ပန်းပန်းနဲ့ မကျက်ချင်တဲ့စာတွေကို တပွဲထိုးအသည်းအသန်ကျက်ခဲ့ရတော့ အခုပျော်ပေမပေါ့

"Hunnie date နော် date ကြမယ်"

ဘေးချင်းကပ်လျှောက်ရင်း လက်မောင်းကိုဆွဲဖက်ကာ နှုတ်ခမ်းလေးဆူထော်ထော်နှင့်တောင်းဆိုနေသော ချစ်သူကိုကြည့်ရင်း Sehun ရင်ထဲချယ်ရီပန်းတွေပွင့်လျက်သား

"နော်လို့ Hunnie"

ချွဲသလိုလိုအသံကလဲ ချိုအီပစ်နေအောင်ပြောနေသော Xiao Lu ကို Sehun အသဲယားစွာ ပါးနှစ်ဖက်ကိုဆွဲ တချွန်ချွန်လုပ်ပြနေတဲ့နှုတ်ခမ်းပါးကို မပြောမဆိုနမ်းမိတယ်

"ဟာကွာ Hunnie ကလဲလူကြားထဲမှာရှက်စရာကြီး"

ခေါင်းလေးငုံ့ကာအရှက်ပိုပြနေသော Luhan ကို Sehun ကတော့ရီပြီးသဘောကျနေပေမယ့် ချစ်လှစွာသော သူငယ်ချင်းကြီး Chen ကတော့မဲ့ရွဲ့ကာပြောပါရဲ့

"Luhan ပါးစပ်ကရှက်တယ်ထွက်တာ ဆန်းကြယ်လိုက်တာ "

"Chen chen double date plan ပျက်သွားချင်လို့လား"

Luhan ခြိမ်းခြောက်သလိုလေသံမာနဲ့ပြောတော့ Chen သက်ပြင်းချကာခေါင်းခါရင်း

"မနိုင်မှန်းသိရက်ပြောမိတာ ငါ့အမှား"

"သိရင်မပြောနဲ့ပေါ့ နော် Hunnie ဒီညနေ date မယ်နော်"

Chen ကိုလေသံမာနှင့်ပြောနေရင်းက Hunnie ကိုကျ အသံကပျော့သွားပြန်သော Xiao Lu တတ်လဲတတ်နိုင်လွန်းပါတယ်လေ

"အခုပဲစာမွဲပြီးတယ် မပင်ပန်းဘူးလား Lu ရယ် နက်ဖြန်မှ လျှောက်လည်ကြမယ်လေ"

"မရဘူး မရဘူး ဒီနေ့ ဒိတ်မှဖြစ်မှာ"

အသဲအသန်ပြောကာချွဲနေသော Luhan စနက်တွေကို Sehun ခံနိုင်ရိုးလား

"Lu သဘော Lu သဘော"

"yayyy ချစ်ဖို့ကောင်းလိုက်တာ Hunnie က အာ့ဆို အခုတော့ခနပြန်နားလိုက်နော် ညနေ ၃ နာရီလောက်ကျ Lu တို့ Xiumin hyung ဆိုင်မှာဆုံကြမယ် ok?"

သူ့အစီအစဉ်နဲ့သူအဆင်တွေပြေနေတဲ့ Luhan ကို Sehun ခေါင်းသာညိတ်ပြမိတယ် သူ့ထက်ကလေးဆန်တဲ့ သူ့ချစ်သူမဟုတ်လား

SweetWhere stories live. Discover now