"အဟီးဟီး ကျပြီ အဟင့် ပထမရက်နဲ့တင်ကျပါပြီ အီးးး"
"မကျပါဘူး Lu ရယ် အောင်ပါတယ် ဒီမှာကျွန်တော်အမှတ်တွက်ထားတာအောင်ပါတယ် Lu ရယ်"
"Lu ဖြေခဲ့တာ Lu ပဲသိတာ ကျပြီး အီးဟီးဟီး"
ကျောင်းရှေ့မှာ ခြေပစ်လက်ပစ်ထိုင်ချကာ အော်ငိုနေသော Luhan ရယ် ကလေးချော့သလို စိတ်ရှည်စွာစောင့်ကြောင့်ထိုင်ချော့နေသော Sehun ရယ်ကို Chen ဘေးကသာ သက်ပြင်းချရင်းကြည့်နေမိတယ်
"မငိုပါနဲ့တော့ Lu ရယ် အောင်ပါတယ်နော် ထထ လမ်းမကြီးမှာမရှက်ဘူးလား"
"စာမွဲကျရင် Hunnie နဲ့တက္ကသိုလ်အတူတူမတတ်ရမို့ လူကငိုနေတာ အာ့ရှက်စရာလား Hunnie ဂုဏ်တောင်ယူရဦးမှာ ငိုမှာပဲ ဗြဲ"
အယ် Luhan အဖြေကိုကြားတော့ Sehun ဆက်ပဲချော့ရမလို ငိုပါစေဆိုပြီးပဲလွှတ်ထားရတော့မလို ဒါကြောင့် Lu ငိုနေတာကို အထက်တန်းနောက်ဆုံးနှစ်ဆိုတော့ တက္ကသိုလ်တတ်လျှင် အမှတ်မှီရာတတ်ရမည် Luhan Hunnie နဲ့အမှတ်သိပ်ကွာနေရင် သူတို့တက္ကသိုလ်ချင်းမတူဖြစ်မည် ဒါကြောင့် Xiao Lu ဒီလောက်ငိုနေခြင်းပင် သူအမြဲ Hunnie နဲ့အတူသာရှိနေချင်သည်လေ
"နောက်ဘာသာတွေရှိပါသေးတယ် Lu ရယ် အဲ့ဘာသာတွေမှာအမှတ်များအောင်ဖြေပေါ့ အင်းးး ကျွန်တော်ကလျော့ဖြေပေးမယ်လေ"
Sehun အကြံကိုကြားတော့ ဟုတ်သားပဲဟူသောမျက်နှာဘေးနဲ့ အငိုရပ်သွားတဲ့ Luhan တအောင့်နေတော့ အင်းချပြီးဆက်ငိုပြန်တယ်
"ဘယ်လိုမှမဖြစ်နိုင်ဘူး Hunnie လျော့ဖြေမယ်ဆိုတာ ဂုဏ်ထူးမှတ် Lu ဖြေရမှာ အောင်မှတ်ကျော်ရုံကို ဗြဲ သူစာတော်တိုင်းလူကိုနှိမ်တယ် Hunnie စိတ်ပုတ်ကြီး"
"ဟာ မဟုတ်ဘူးလေ Lu ရာ တကယ်တကယ် ကျွန်တော်စာမကျက်ဘဲ ခေါင်းထဲမှတ်မိသလောက်ပဲဖြေမယ် Lu က စာပိုကျက်လိုက်လေ ကျွန်တော့်ကိုမယုံဘူးလား Lu နားဘဲအမြဲကပ်နေမယ့်လူဆိုတာကို"
ဒီတခေါက်တော့ Sehun စကားအရာရောက်သည် Luhan မျက်လုံးလေးကလယ်ကလယ်လုပ်ရင်း
"တကယ်နော်"
"တကယ်ပေါ့ မငိုနဲ့တော့နော်"