"Jonginnie hyung ဝင်လာပြီနော်"
Xing တစ်ယောက် ပြောလည်းပြော အခန်းတံခါးကိုလည်းဖွင့်ကာဝင်လိုက်တော့ အေးစက်စက်လေထုကစီးကြိုလို့
ကုတင်ဘေးက ပြတင်းပေါက်ကို ပိတ်ကာ ကုတင်ထက်က ပုစွန်ထုပ်ကွေးလေးဘေး ဝင်ထိုင်လိုက်တော့ ငိုသံသဲ့သဲ့ကလေးက စိတ်မကောင်းဖွယ်
ဆံပင်လေးတွေကိုဖွဖွသက်ပေးတော့ ရင်ခွင်ထဲတိုးဝင်ကာ တအိအိနဲ့ငိုဆဲ"Jon..."
"Xing hyung sehun လေ သူ သူ ကျွန်တော့်ကို မုန်းသွားလောက်ပြီနော် ကျွန်တော်လေ ကျွန်တော်"
"Jongin ရယ်"ရင်ခွင်ထဲက ကလေးငယ်ကို ခပ်တင်းတင်းဖတ်ထားရင်း Yixing စဉ်းစားရလေပြီ
"Jongin hyung ဇာတ်လမ်းတစ်ပုဒ်ပြောပြမယ်နားထောင်မလား"
"ဘာဇာတ်လမ်းလဲဟင်"
"Jongin နဲ့ sehun လိုဇာတ်လမ်းတစ်ပုဒ်ပေါ့"ကုတင်ထက်ပုံ့ပုံ့လေးထိုင်ကာ စိတ်ဝင်တစားနားထောင်နေတဲ့ jongin ပုံစံကိုကြည့်ကာ xing သက်ပြင်းဖွဖွချလိုက်မိသည်
"လွန်ခဲ့တဲ့ ၁၀နှစ်ကပေါ့ ကောင်လေးတစ်ယောက်ရှိခဲ့ဖူးတယ် ရေသတ္တဝါလေးတွေအကြောင်းလေ့လာရတာကို အရမ်းစိတ်ဝင်စားတဲ့ကောင်လေးပေါ့ သူကတစ်နေ့ကျတော့ သူ့ရဲ့မဟာသိပ္ပံဘွဲ့အတွက် ကျမ်းပြုစုဖို့ ပင်လယ်ကွေ့တစ်ခုကို ခရီးထွက်ခဲ့တယ်
သူအဲဒီပင်လယ်ကွေ့ကရွာငယ်လေးမှာနေရင်း ရေသတ္တဝါလေးတွေကိုလေ့လာနေခဲ့တာ တစ်လလောက်ကြာတဲ့အချိန်ပေါ့ အဲဒီနေ့ကတစ်ယောက်ထဲ ပင်လယ်ကမ်းခြေတစ်လျှောက် ရှုခင်းတွေကြည့်ရင်း ငေးမောရင်းလမ်းလျှောက်လာခဲ့တယ် တဖြည်းဖြည်းနဲ့နေရောင်ကျလာချိန် အိမ်ပြန်ဖို့လမ်းအရှာမှာ လာရာလမ်းကိုမတွေ့တော့တာပဲ သူသတိထားမိချိန်မှာ သူဟာ ရွာရဲ့တားမြစ်နယ်မြေအဖြစ်ကန့်သတ်ခံထားရတဲ့ တောအုပ်ငယ်လေးထဲရောက်နေခဲ့ပြီ ကောင်လေးကအရမ်းကြောက်နေခဲ့တယ် အဲဒီအချိန်မှာပဲ အဝေးတစ်နေရာကမီးရောင်တစ်ခုဟာသူရှိတဲ့နေရာကိုလာနေတာသတိထားမိတော့ အရမ်းဝမ်းသာသွားမိတာပေါ့ သူထင်တာသူ့ကိုကူညီမယ့်လူလို့ထင်ခဲ့တာကိုး........."ပြောလက်စဇာတ်လမ်းကိုရပ်ကာ ကုတင်ပေါ်က jongin ကိုကြည့်တော့ မျက်တောင်လေးတွေစင်းကာ အိပ်ချင်နေပုံ ငိုထားရတာကြာတော့ ပင်ပန်းနေရှာပြီပေါ့
YOU ARE READING
Monster လေးရဲ့ NiNi / Monster လေးရဲ့ NiNi (Zawgyi +Unicode)
Hayran KurguSekai yaoi myanmar fiction base on manga Jappa no amane