နှင်းတွေပိန်းပိတ်အောင်ကျနေတဲ့ တောင်ကုန်းပြေပြေကလေးပေါ်ကို တရွေ့ရွေ့တတ်လာတဲ့ကောင်လေးတစ်ယောက် ရင်ခွင်ထဲမှာ စက္ကူထုပ်တစ်ထုပ်ကိုပိုက်ရင်း နှင်းထုကိုဖြတ်ကာ တစ်လှမ်းချင်းလှမ်းလာနေတယ်
"အ
ငါတစ်ခုခုကိုတိုက်မိတယ်ထင်တယ်"သူအနီးအနားကို မျက်လုံးဝေ့ကြည့်တော့ ကလေးလေးတစ်ယောက် ပါးဖောင်းဖောင်းလေးတွေနဲ့ စူထော်ထော်နှုတ်ခမ်းလေးတွေကချစ်စရာ တစ်ကိုယ်လုံးနီးပါး အုပ်မယောင်ထင်ရတဲ့ ငွေဖြူရောင်ဆံပင်ရှည်တွေ သာမာန်ထက်ပိုကြီးပြီး ခပ်ဝိုင်းဝိုင်း လက်တွေ အဲနေပါဦး ကလေးတော့မဟုတ်နိုင်ဘူး အရုပ်ကလေးများလား
အနားကို တဖြည်းဖြည်းတိုးကာ ထိကြည့်မိတော့"အင်း..........."
"အဲ အရုပ်မဟုတ်ဘူးဟ ဘာလေးလဲမသိဘူး လူတော့မဟုတ်တာသေချာတယ် ဘာပဲဖြစ်ဖြစ်ကူညီကောင်းပါတယ်လေ hotel ကိုပဲခေါ်သွားတော့မယ်"လည်ပင်းမှာပတ်ထားတဲ့ မာဖလာကိုဖြုတ်ကာ ထိုအရာလေးကိုသေသေချာချာ ပတ်ပေးလိုက်ပြီး ရင်ခွင်ထဲထည့်ကာခေါ်လာခဲ့တယ်
"ဟူး ဟိုကလေးလေးမနိုးသေးဘူးလားမသိ သူ choco ဖျော်ရည်လေးကြိုက်ပါ့မလား အရမ်းတော့မပူပါဘူးလေ"
"အင်း.. အင်း...."Jongin တစ်ယောက်သူ့အတွေးနဲ့သူမျောနေစဉ် ညည်းသံသေးသေးလေးကြောင့် အနားကိုသွားထိုင်လိုက်ကာ
"မင်းနိုးပြီလား ဒီမှာ choco ပူပူလေးလုပ်ထားတယ်သောက်လိုက်ပါဦး"
"ရေ ရေ ရေ ပေးပါ"
"ဟင် ရေလား"
"အင်း ရေ မဟုတ်ရင် Gherkins ပေးပါ"
( gherkins mean small type of cucumber )
"Gherkins"
"အေးလေ မင်း gherkins တောင်မသိဘူးလား"
"Arrnyi သိပါတယ် ဒါနဲ့မင်းက ဂြိုလ်သားလား ဟိုလေရုပ်ရှင်တွေထဲကလို အာကသထဲလျှောက်သွားရင်း လေယျာဉ်ပျက်ကျတာတို့ဘာတို့ဖြစ်ပြီးရောက်လာတာမျိုးလေ"
"ဘာ"
"အ ဖြေးဖြေးအော်ပါ"
"မင်း kappa ဆိုတာသိလား"
"ဟင့်အင်း အဲဒါဘယ် ဂြိုလ်နာမည်လည်းဟင် ဂြိုလ်အသစ်လား"
"Kappa က ဘာဂြိုလ်မှမဟုတ်ဘူး monster တွေရဲ့တိုင်းပြည်"
"Huh .. monster..... monsterဆိုတာတကယ်ရှိတာလား"
"ရှိလို့မင်းတွေ့နေရတာပေါ့ ငါ့ကိုရေပေးပါဆို......"ပြောနေရင်း မှောက်ကျသွားသော monster လေးကြောင့် jongin လန့်သွားကာ ပန်းရေလောင်းသည့် ခရားအသေးလေးယူ၍ ဖြေးဖြေးလေးလောင်းပေးလိုက်တော့ တအင်းအင်းမြည်ရင်း လှုပ်လာသည်
YOU ARE READING
Monster ေလးရဲ႕ NiNi / Monster လေးရဲ့ NiNi (Zawgyi +Unicode)
FanficSekai yaoi myanmar fiction base on manga Jappa no amane