"Sehun na.. ငါညကအိပ်မက်ဆန်းတစ်ခုမက်တယ် မင်းက adult form ပြောင်းသွားတယ်တဲ့အိပ်မက်ထဲမှာ ထူးဆန်းတယ်နော်"
(အော် အမောင် kai ရယ် ရှင်တစ်ညလုံးခံထားရတာကိုမမှတ်မိတာအံ့ဩတယ် 😂😂😂)
"ဟုတ်လား ငါကချောလား"
"အင်း ..... သေချာမမှတ်မိတော့ဘူး ဒါပေမဲ့ မင်းရဲ့ဆံပင်အရှည်ကြီးတွေကအရမ်းလှတာပဲ"
"Ha ha ဟုတ်ပါပြီ""Jonginnie"
"အာ Xing hyung ကျွန်တော် မီဖိုခန်းဘက်မှာ"မျက်လုံးနှစ်ဖက်လုံးပိတ်တော့မယောင်ပုံစံနဲ့ မီးဖိုခန်းဘက်ကို တစ်လှမ်းချင်းလျှောက်လာတဲ့ Yixing ထမင်းစားပွဲပေါ် sehun ကိုတင်ပြီး ဆံပင်တွေစုစည်းပေးနေတဲ့ jongin ကြောင့် sehun ကို မျက်ထောင့်နီနဲ့လှမ်းရှိုးလေပြီ
"Jongin hyung ကိုမနက်စာပြင်ပေးပါဦး"
"ကိုယ့်ဘာသာပြင်တာမဟုတ်ဘူး သူ့မှာလက်မပါတာကျလို့"
"ငါကြားတယ်နော် Yokai ကောင် ဒါနဲ့ ငါတို့ဆီကို အထူးဧည့်သည်တစ်ယောက်ဒီရက်ပိုင်းအတွင်းလာဖို့ရှိတယ်နော်"ခပ်ထေ့ထေ့စိုက်ကြည့်လိုက်တဲ့ hyungရဲ့မျက်ဝန်းတွေနဲ့ ခပ်တင်းတင်းပြန်ကြည့်နေတဲ့ sehun အကြည့်တွေ
"Ni Ni hunnie အရှေ့မှာTV သွားကြည့်လိုက်ဦးမယ်"
"အင်း အင်း ငြိမ်ငြိမ်ကြည့်နော်"လှုပ်လှုပ်နဲ့ ထွက်သွားတဲ့ sehun ကိုလိုက်ကြည့်ရင်း Yixing တစ်ယောက်မေတ္တာတွေပွားနေရှာတာ
"Hyung စားလို့ရပြီ"
"လာပြီ"တူကိုကောက်ကိုင်လိုက်ရင်းမျက်လုံးထဲဝင်လာတာက jongin လက်ပေါ်ကအမှတ်အသား
Yokai စုတ်ကတော့ ငါနော်"Jongin လက်ကအမှတ်ကဘာဖြစ်တာလဲ"
"ကျွန်တော်လည်းမသိဘူး hyung မနက်လင်းတော့ လက်မှာအဲဒီအမှတ်ကပေါ်နေတာ"
"ညကဘာဖြစ်သေးလဲ"
"ဘာမှမဖြစ်ပါဘူး အရင်လို sehun နဲ့တူတူအိပ်တာပဲလေ"
"ဟိုအစုတ်ပလုတ် အနုတ်စုတ်ကောင် အခုထွက်လာစမ်း ငါနဲ့တွေ့မယ် မင်းအဖေလာရင် ချက်ချင်းပြန်လိုက်သွာ"ရှူးရှူးရှားရှားနဲ့ အိမ်ရှေ့ထွက်သွားတဲ့ xing hyung ကို သူအကြောင်သားလိုက်ကြည့်နေမိတယ် sehun နဲ့ အမှတ်အသားကိစ္စ ဘာမှလဲမဆိုင် ပြီးတော့ sehun အဖေကကော....
"Ni Ni"
"Sehun အိုးထဲဘာဝင်လုပ်နေတာလဲ"
"ပုန်းနေတာလေ"
"Hun ကို ပြန်လာခေါ်တော့မယ်ဆို"ဟင်း
"Ni Ni ya..."
"အာ ဟုတ်သားပဲ မင်းကအိမ်ပြန်ရဦးမယ်လို့ပြောဖူးတာပဲ ငါမေ့နေတာကြည့်စမ်း"
"Jongin ဟိုကောင်လာသေးလား"
"Hyung ရှေ့မှာပဲ TV ကြည့်မယ်ဆိုပြီးထွက်သွားတာလေ"
"ကျွတ်ဘယ်သွားပုန်းနေပြန်ပြီလဲမသိဘူး""Ni Ni မင်းငါ့အကြောင်းဘာမှမသိသေးဘူးနော်"
မင်းက Yokai တစ်ကောင်ဖြစ်တာကလွဲလို့ငါဘာမှမသိခဲ့ပါဘူး sehun ရယ်
"တကယ်တော့ငါ့အဖေက ရေကမ္ဘာမှာနေတဲ့ Yokai တွေရဲ့ ခေါင်းဆောင်တစ်ယောက်ပေါ့ သားဖြစ်တဲ့ငါက အဖေ့ရဲ့အရိုက်အရာကိုဆက်ခံရမယ့်သူတစ်ယောက်ပါ ငါ့ကိုအဖေကငယ်ငယ်လေးထဲက ခေါင်းဆောင်တစ်ယောက်မှာရှိသင့်တဲ့ အရာတွေအကုန်လုံးသင်ပေးခဲ့တယ် ငါလည်းအားလုံးကိုသေချာသင်ယူနိုင်ခဲ့တယ် သူတို့ကိုစိတ်မပျက်စေချင်ခဲ့ဘူး အနာဂတ်ရဲ့ခေါင်းဆောင်ဟာအရမ်းတော်တဲ့သူတစ်ယောက်လို့ မှတ်ယူနိုင်လောက်အောင်အထိငါကြိုးစားခဲ့တယ် ဒါပေမဲ့ ငါမလုပ်နိုင်သေးတဲ့ အရာတစ်ခုရှိသေးတယ်"
"Sehun မလုပ်နိုင်တဲ့အရာ"
"ဟုတ်တယ် အမွေဆက်ခံပွဲကျင်းပဖို့ ငါ adult form ရဖို့လိုတယ်"
"အော် ဒါဆို sehun က adult form ရဖို့ ဇနီးလောင်းရှာဖို့လိုတာပေါ့"
"အမှန်ပဲ ငါအတွက်ကိုယ့်စိတ်ကြိုက်ဇနီးတစ်ယောက်ရှာဖို့ဆိုတာသိပ်တော့မလွယ်ဖူး ငါ့ဆုံးဖြတ်ချက်ကိုသူတို့ကန့်ကွက်ကြတယ်"
"ဟင်ဘာလို့"
"ငါ့ကို တော်ဝင်မျိုးထဲကမင်းသမီးတစ်ပါးနဲ့ပဲပေးစားချင်ကြတယ်
ငါကတော့အဲဒီလိုမလုပ်နိုင်ဘူး ငါတကယ်ချစ်တဲ့သူကိုပဲ ငါလက်ထပ်မယ်"Sehun ya. မင်းဖြစ်ချင်တာတွေဖြစ်လာမှာပါ မင်းအတွက်သင့်တော်တဲ့ ဇနီးကောင်းတစ်ယောက်တော့ဒီကမ္ဘာပေါ်မှာရှိပါတယ်
ချစ်ဖို့ကောင်းပြီး သိတတ်လိမ္မာတဲ့ဇနီးလေးပေါ့ ဒါပေမဲ့ မင်းသိလား ငါ့ဘယ်ဘက်ရင်အုံက ဘာကြောင့်ဒီလောက်နာကျင်နေရတာလဲ ...... ဘာကြောင့်များလဲလေ...........~~~~~~~~~~~~~~~♡♡♡♡♡~~~~~~~~~~
YOU ARE READING
Monster ေလးရဲ႕ NiNi / Monster လေးရဲ့ NiNi (Zawgyi +Unicode)
FanfictionSekai yaoi myanmar fiction base on manga Jappa no amane