Monster family (unicode)

626 30 6
                                    


"Sehun.... Jongin...."

ဝါး....
ဝါး....

"ဟဲ့ ဘုရားငုတ်တုတ်..."

Pa pa wu တစ်ယောက် အိမ်ထဲဝင်ဝင်ချင်း မျက်နှာရှေ့ပေါ်လာတဲ့ မျက်နှာသေးသေးလေးတွေကြောင့် လန့်ပြီး အော်လိုက်မိတယ်

"Wu baekhyun ...Wu kyung soo ....."

တစ်စက်တည်းထွက်လာတဲ့ jongin အသံဆူးဆူး

"လာစမ်းငကဲ နှစ်ကောင် ဘိုးဘိုးကို စစရာလား Hun ရော့ အငယ်ကောင် baek ကို ချီထား"

Jongin ပြောလည်းပြော Yi fan ကိုယ်ပေါ်မှာကုတ်ကုပ် တွယ်တတ်နေတဲ့သားတော်မောင်နှစ်ယောက်ကို လှမ်းဆွဲကာ ယောက္ခမအားလည်း သွားဖြဲပြီး တောင်းပန်လိုက်ရသေးတယ်...
တော်တော်မွှေတဲ့နှစ်ကောင် ဟိုက သူ့အင်္ကျီပြဲသွားတာကိုမသိသေးလို့.. သိများသိသွားကြည့်ပါလား pa pa wu vocal ဘယ်လောက်ကောင်းသလဲသိသွားမယ်

"Pa pa တို့ကအစောကြီးပြန်လာတာလား အခုမှရက်၂၀လောက်ပဲရှိသေးတာ တစ်လမပြည့်သေးဘူးလေ"
"အေးလေ မင်းတို့ကကလေးရနေပြီပဲကို ၁လပြည့်အောင်စောင့်စရာလိုသေးလို့လား ဒါနဲ့ ဒါငါ့မြေးအမြွှာတွေလား လာပါဦး ဘိုးဘိုးဆီကို"

လက်ဆန့်ခေါ်လိုက်တာနဲ့ အဖေတွေလက်ထဲကရုန်းကာ pa pa wu ဆီရောက်ရှိသွားတဲ့ ကဲစိန်နှစ်ယောက်

"Aigoo ချစ်ဖို့ကောင်းချက်  ဘိုးဘိုးမြေးတွေဘာလိုချင်လဲပြောစမ်း အကုန်ဖြစ်စေရမယ်"
"Chan nyeol"
"ဟမ် ဘာ ဘာ"
"chan nyeol ဂိုပေး တား တား တို့ဂို"
"အော် chanyeol hyung ကို လား ယူစေ ယူစေ"
"ရေး..."

အော်ဟစ်ရင်း chanyeol ပေါင်ပေါ်ရောက်သွားပြန်တဲ့ ကဲစိန်တွေ

"ကဲ sehun pa pa မင်းတို့ကိုလာခေါ်တာ မင်းတို့ကအခု ရေအောက်မှာပဲနေရမယ်"
"ဘာ ငါ လက်မခံပါဘူး အဲဒီတော့ ငါက jonginnie ကို ဘယ်လိုတွေ့ရမလဲ"
"Xing လည်းပြန်လိုက်ရမှာမပူနဲ့ "
"မလိုက်နိုင်ပါဘူး "

သိုးစုတ်သိုးပုတ် ဟင်း ဟင်း

Yi fan xing နားနားကိုကပ်ကာ လေသံနဲ့

"ကိုယ်ညကလိုကြမ်းပေးမှ ကြောက်မှာလား xing မကြမ်းစေချင်အေးအေးဆေးဆေးလိုက်ခဲ့ ok"

ရဲခနဲဖြစ်သွားတဲ့ ပါးနှစ်ဖက်ကို ချစ်စနိုးဖိနမ်းကာ

"Jongin လည်းယူစရာရှိတာယူ ကဲသွားကြမယ်"

Monster ေလးရဲ႕ NiNi / Monster လေးရဲ့ NiNi (Zawgyi +Unicode)Where stories live. Discover now