"Lay"
"Yixing လို့ပဲခေါ်ပါ Wu Kris shi"
"Sorry"
"ရပါတယ်မလိုပါဘူး"
"ဟို Yixing ကိုယ့်ကိုခေါ်လိုက်တာ ဘာအတွက်လဲ"
"Sehun နဲ့ jongin အကြောင်းပြောချင်လို့ သူတို့လေးတွေကို ငါ့လို့မဖြစ်စေချင်ဘူး"
"Lay ကိုယ်...."
"နောက်ကြောင်းတွေမပြောဘဲ ကလေးတွေအတွက်ပဲပြောရအောင် အချိန်တွေကိုနောက်ပြန်ဆုတ်လို့လည်းမရတော့ဘူး Wu Yifan မင်းကထားခဲ့သူ ငါကထားရစ်ခံခဲ့ရသူ ဘယ်သူပိုနစ်နာလဲမင်းသိမှာပါ ငါ့ရဲ့အတိတ်ဆိုးကိုထပ်မစဉ်းစားချင်တော့ဘူး"စကားကိုတစ်လုံးချင်းအေးအေးဆေးဆေးပြောနေသော တစ်ချိန်ကသိပ်ချစ်ခဲ့ရသူကောင်လေးကိုကြည့်ရင်း Kris ရင်ထဲနောင်တတွေကတစ်နင့်တပိုး မှားခဲ့တဲ့သူကကိုယ်ဆိုတော့လည်းထိုကောင်လေး စိတ်တိုင်းကျ လိုက်လျောပေးဖို့သည်သာကိုယ့်တာဝန်
"အဲဒီတော့ lay ဘာဖြစ်ချင်လဲ"
"ငါ့ကို yixing လို့ပဲခေါ်ပါ"
"Sorry lay ကိုယ့်ကိုဒီတစ်ခုတော့ခွင့်လွှတ်ပေးပါ ကိုယ့်အတွက်မင်းက lay ဆိုတဲ့ကောင်လေးပဲ"
"ထားပါ အဲဒါကအရေးမကြီးပါဘူး အဲဒီ lay ဆိုတဲ့ကောင်လေးလို jongin လေးကိုမခံစားစေချင်ဘူး jongin ကငါ့အတွက်တစ်ဦးတည်းသောဆွေမျိုးဆိုတာမင်းသိမှာပါ ဒီကလေးရဲ့ပျော်ရွှင်မှုကငါ့ရဲ့ပျော်ရွှင်မှုပဲ မင်းတို့ဆီမှာကိုယ်ဝန်လွယ်ဖို့အနည်းဆုံးတစ်လအတူနေရတယ်မဟုတ်လား"
"အင်း"
"Sehun နဲ့ jongin ကိုယ်တစ်လတိတိအတူတူနေဖို့ငါခွင့်ပြုတယ် တစ်လပြည့်လို့မှ jongin ကိုယ်ဝန်မလွယ်နိုင်ရင် sehun ကိုရေအောက်ကမ္ဘာကိုအပြီးပြန်ခေါ်သွားပါ ဘယ်တော့မှ ပြန်မပေါ်လာပါစေနဲ့ အဲဒါငါ့တောင်းဆိုမှုပဲ"
"ဟုတ်ပြီ lay ပြောသလိုကိုယ်ခွင့်ပြုပေးမယ် ဒါပေမဲ့ ကလေးတွေကိုပါအဲဒီအကြောင်းပြောမှာလား"
"ပြောရမှာပေါ့ဒါမှ သူတို့အတိက်ပြင်ဆင်ချိန်ရှိမယ်လေ နာကျင်မှုတွေကြံ့ကြံ့ခံနိုင်အောင်"
"ဟင်း....မနက်ဖြန်ကိုယ် sehun ကိုခေါ်လာခဲ့မယ်"ပြောပြီးတာနဲ့ ထထွက်သွားသော kris ရဲ့ကျောပြင်ကိုကြည့်ရင်း မျက်ဝန်းတစ်ဝိုက်ငွေ့ရည်တွေဖွဲ့ချင်လာသလို တစ်ချိန်ကသိပ်ချစ်ခဲ့တဲ့ လူစိမ်းဟာ ဘာအတွက်ကြောင့် သူ့အနားပြန်ရောက်လာပြန်လေသနည်း
လှမ်းလက်စခြေလှမ်းတို့ အိမ်တံခါးဝနားအရောက်မှာတော့ Kris ခြေလှမ်းတို့ကိုရပ်ကာ ဆိုဖာပေါ်မှာခပ်တောင့်တောင့်လေးထိုင်နေသော ကောင်လေးဘက်ကိုလှည့်လိုက်ပြီး
"Lay ကိုယ်ပြောဖို့ကျန်နေခဲ့တဲ့စကားရှိသေးလို့"
မော့ကြည့်လာတဲ့ကောင်လေးရဲ့မျက်ဝန်းတွေကိုစိုက်ကြည့်ရင်း
"ကိုယ် မင်း ကို အ ရမ်း သ တိ ရ တယ်"
×××Next morning××××
"အင်း"
မျက်နှာပေါ်ကျလာတဲ့ အလင်းရောင်ကြောင့် မျက်မှောင်လေးကျုံ့ကာ ဘေးဘက်လှည့်အိပ်သွားသော ဝက်ဝံပေါက်
"Aigoo အသည်းယားဖို့ ကောင်းချက် NiNi ထတော့လေ မနက်စာမစားတော့ဘူးလား"
"ဟင့်အင်း စားဘူး အိပ်.... hun hun လား"စကားတစ်ဝက်တစ်ပျက်နဲ့ ထထိုင်တဲ့jongin ကုတင်ပေါ်ဘေးတစ်စောင်းထိုင်ကာ သူ့ကိုပြုံးပြကြည့်နေတဲ့ sehun ကိုမယုံနိုင်စွာစိုက်ကြည့်ရင်း
"အာ kim jongin အိပ်ရေးမဝသေးဘူးထင်တယ် hun ကဘယ်လိုလို့ရောက်လာပါ့မလဲ babo"
Sehun ကိုယ့်ခေါင်းကိုပြန်ရိုက်နေတဲ့ jonginရဲ့လက်သွယ်သွယ်လေးတွေကို ချုပ်ကိုင်လိုက်ရင်း
"NiNi ကိုယ့်ကိုကြည့် ကိုယ် wu sehun"
"Hun Hun တကယ် Hun အစစ်ပေါ့နော် ဟင့် hun ကို ဟင့် "အတင်းထဖတ်ကာ ရင်ခွင်ထဲတိုးဝင်ငိုနေတဲ့ ဝက်ဝံပေါက်မျက်နှာလေးကို ဆွဲယူမော့စေကာ နုတ်ခမ်းပါးနုနုကိုတိုက်ခိုက်မိလေတယ်
ဘယ်တော့မှလက်လွှတ်ပေးမှာမဟုတ်လို့ ကိုယ့်လက်ကိုသာ ခိုင်ခိုင်ဆွဲကိုင်ထားပါ NiNi အရာအားလုံးအတွက်ကိုယ်မင်းရှေ့က ရင်ဆိုင်ကာကွယ်ပေးနေမှာ
~~~~~~~~~~~~~~♡♡♡♡♡~~~~~~~~~~~~~~~
နည်းနည်းနောက်ကျသွားကြောင်း
တစ်ပတ်လောက်ပျောက်မယ်နော် friday လောက်ပြန်လာခဲ့မယ် bye byeThank you for reading and voting my fic
YOU ARE READING
Monster လေးရဲ့ NiNi / Monster လေးရဲ့ NiNi (Zawgyi +Unicode)
أدب الهواةSekai yaoi myanmar fiction base on manga Jappa no amane