"Hun"
"ဟင်"
"Hunnie"
"ဗျာ"
"Hun လို့"
"Wae"
"ဟင့် အင့်"
"ဟာ NiNi မငိုနဲ့လေ"စတွေ့ကတည်းက ဘာမှမပြောပဲ သူ့နာမည်ကိုပဲ ကယားရေလွှတ်သလိုခေါ်ကာ အတင်းဖက်ထားတာကိုလည်းမလွှတ် အဖက်ခံထားရတဲ့သူက စိစိ ကိုကြေလို့
"NiNi yah.. လွှတ်အုံး ကိုယ်အသက်ရှူကျပ်ပြီးသေနေအုံးမယ်"
"ဟင့် Hun ကဘာလို့ပြန်သေးသွားရပြန်တာလဲ ဟင့်"ဘူးသီးလုံးလောက်မျက်ရည်လုံးတွေကို မရမက တအိအိညှစ်ချရင်း နှုတ်ခမ်းထူအိအိကို စုချွန်ရင်း ရန်တွေ့နေပုံက ငိုလို့ဝသွားကြောင်းပြနေသယောင်
"ဝက်ဝံပေါက် ကျွန်တော်ခင်ဗျားနဲ့ ဟိုဟို ဒီဒီ မဖြစ်ရသေးခင် adult form မရသေးဘူးဆိုတာမေ့သွားတာလားဟင်"
"ဟာ Hun နော် ဘာတွေလျှောက်ပြောနေမှန်းမသိဘူး"
"ဟား ဟား ကိုယ့် baby လေးရှက်သွားတာလား ပြပါဦး ရှက်နေတဲ့မျက်နှာလေးမှတ်ထားရအောင်"
"အာ တော်ပြီ တော်ပြီ မျက်နှာသွားသစ်ဦးမယ် ဖယ်"ရှက်ရမ်းရမ်းကာ ရေချိုးခန်းကို ဘောက်ဆက်ဘောက်ဆက်နဲ့ထွက်သွားတဲ့ ဝက်ဝံပေါက်ကိုကြည့်ရင်း အသည်းတွေကလိကလိ
ဘာကြောင့်ကလိကလိဖြစ်လဲသိချင်လား
ခင်ဗျားတို့ ဝက်ဝံပေါက်က သူ့ရဲ့ချစ်စရာ ဖင်လုံးလုံးလေးကို ဟိုပစ်သည်ပစ်လုပ်ရင်းလျှောက်သွားတာကိုး
ဟင်း Wu sehun စိတ်ထိန်းစိတ်ထိန်း"NiNi ကိုယ်အောက်ထပ်ကစောင့်နေမယ် အောက်မှာ papa ကော Yixing hyung ပါစောင့်နေတယ် ပြောစရာစရှိလို့တဲ့မြန်မြန်လာခဲ့နော်"
"Nae...."×××××××
"Hun"
"လာ NiNi ဒီမှာလာထိုင်"Jongin ခုံမှုဝင်ထိုင်လိုက်တယ်ဆိုရင်ပဲ Yifan ချောင်းတစ်ချက်ဟန့်လိုက်ကာ
"အဟမ်း Jongin Sehun က ငါ့ရဲ့တစ်ဦးတည်းသောမျိုးဆက်ဆိုတာလဲမင်းသိမှာပါ"
"ဟုတ်ကဲ့"
"အဲဒီတော့ ငါ့နေရာကို Sehun ဆက်ခံပြီဆိုတာနဲ့ မျိုးဆက်ရှိလာဖို့လိုလာပြီလေ တို့တွေအတွက်က မျိုးဆက်ကိုမွေးဖွားဖို့ ယောက်ျား မိန်းမ ခွဲထားတာမရှိဘူး အဲဒီတော့ မင်းသာ Sehun ရဲ့မျိုးဆက်ကို မွေးပေးနိုင်မယ်ဆိုရင် ငါမင်းတို့နှစ်ယောက်ကိုသဘောတူပေးမယ် မင်းလက်ခံနိုင်လား"Jongin sehun ကို ကြည့်မိလိုက်တယ်
အပြုံးနုနုတစ်ပွင့်နဲ့ လက်ဖဝါးပေါ်အုပ်တင်ထားတဲ့ sehun ရဲ့ လက်နွေးနွေးက ခွန်အားတွေပေးနေသယောင်"ဟုတ်ကဲ့ ကျွန်တော်လက်ခံပါတယ်"
"ဒါပေမဲ့ မင်းတို့ အချိန်တစ်လပဲရမယ် တစ်လအတွင်းမှာကိုယ်ဝန်မလွယ်နိုင်သေးဘူးဆိုရင်တော့ မင်းတို့ကို ငါခွဲရလိမ့်မယ်"ဟင့်အင်း မဖြစ်စေရပါဘူး hun က NiNi ကိုမခွဲသွားစေရပါဘူး
အတွေးနဲ့အတူတူ တင်းကျပ်သွားတဲ့လက်တစ်စုံ"Pa pa ပြောသလိုဖြစ်မလာနိုင်ပါဘူး တစ်လအတွင်း pa pa ကြားချင်တဲ့သတင်း ကြားစေရမှာပါ"
"Ok sehun Pa pa လဲသတင်းကောင်းပဲကြားချင်ပါတယ် ကဲဒါဆိုဒီနေ့ကစပြီး ဒီအိမ်မှာမင်းတို့နှစ်ယောက်နေခဲ့ကြ ငါ Yixing ကို ရေအောက်အလည်ခေါ်သွားမယ် တစ်လပြည့်လို့ ပြန်လာရင် သတင်းကောင်းကြားချင်တယ်"
"ဟုတ် pa pa လဲကံကောင်းပါစေ"Yifan သားဖြစ်သူကိုနှုတ်ဆက်ကာ Yixing ကိုဆွဲထူလိုက်တော့ ကြောင်တောင်တောင်နဲ့ပါလာတဲ့သိုးတစ်ကောင် အိမ်ပေါက်ဝရောက်မှသတိဝင်လာကာ
"Ya ya လွှတ်ငါကမင်းနဲ့လိုက်စရာလား ငါ့ဘာသာ အပြင်မှာသွားနေမယ် နေစရာတွေတစ်ပုံကြီး"
"Xing ကိုယ်ကလေးတွေရှေ့မှာ စကားမများချင်ဘူး အေးအေးဆေးဆေး လိုက်ခဲ့ဟုတ်ပြီလား"
"မင်းနဲ့လိုက်ရအောင် မင်းနဲ့ငါကဘာတွေမို့လို့လဲလွှတ်"အတင်းရုန်းကန်နေတဲ့ yixing ကို yifan စိတ်မရှည်စွာကောက်ပွေ့လိုက်ရင်း
"မင်းက ကိုယ့်မိဖုရားလေ"
"Pa Pa ရေ fighting ဟ ဟ"
အိမ်ရှေ့မှာ တွန်းထို့ရုန်းကန်ရင်း ထွက်သွားကြတဲ့ စုံတွဲကိုကြည့်ရင်း sehun ခပ်တိုးတိုးရယ်လိုက်တယ်
"NiNi"
"ဟင်"
"ကိုယ်တို့လည်း ကလေးလေးတွေလုပ်ရအောင်"
"ဟာ hun နော်"ဟုတ်ကဲ့ ကျန်တာတွေ sensorဖျက်ထားသည်...
အနော် လုပ်တာဟုတ်ဘူးနော် ခင်ဗျားလေးတို့ NiNi ကရှက်လို့တဲ့ Sehun ကလာဖျက်ခိုင်းသွားတာ အနော်လည်းသူ့ကိုကြောက်ဆယ် 😅~~~~~~~~~~~~~~~♡♡♡♡♡~~~~~~~~~~~
YOU ARE READING
Monster ေလးရဲ႕ NiNi / Monster လေးရဲ့ NiNi (Zawgyi +Unicode)
FanfictionSekai yaoi myanmar fiction base on manga Jappa no amane