Monster လေးရဲ့ဖူးစာရှင် (unicode)

407 26 0
                                    

Sehun လေးရောက်လာပြီးကတည်းက jongin အရင်လိုတစ်ယောက်ထဲ အထီးကျန်နေချိန်သိပ်မရှိတော့ sehun နဲ့ သူ့အစ်ကို အိပ်ပုတ်သိုး ၂ယောက်ရဲ့နံနက်ခင်း စစ်ပွဲတွေကြား ဖြန်ဖြေရင်း ရယ်မောရင်း ပျော်ရွှင်ခဲ့ရတယ်

မနက်စောစော အိပ်ယာခင်းအသစ်တွေလိုက်လဲနေတဲ့ jongin တစ်ယောက် ရေခရားလေးကိုင်ရင်း အလှပန်းအိုးလေးတွေရေလောင်းနေတဲ့ sehun ကိုကြည့်ကာ ပြုံးလိုက်မိတယ်......
ရေခရားလေးကိုင်ကာ အိမ်ရှေ့ထွက်ပြီးရေဖြည့်လိုက် ပန်းအိုးတွေရေပြန်လောင်းလိုက်နဲ့ တစ်တောက်တောက်လျှောက်နေရင်း ပါးစပ်ကလည်းပွစိပွစိပြောရင်းလုပ်နေပုံလေးက ချစ်စရာ
အိပ်ယာခင်းတွေကို အသာမပြီး အခန်းကထွက်လိုက်ချိန်

"အား......."

ရုတ်တရက် အလန့်တကြားအော်လိုက်တဲ့ အသံကြောင့် အပြေးအလွှားကြည့်မိတော့ ရေတွေဆိုရွှဲနေတဲ့ခေါင်းအုံးကို ပိုက်ကာ အိပ်ချင်မူးတူးနဲ့ အခန်းဝမှာရပ်နေတဲ့ Yixing hyung ခပ်လှမ်းလှမ်းမှာတော့ သူမဟုတ်သလိုလို အေးအေးဆေးဆေး ထိုင်နေတဲ့ sehun
သူ ခပ်တိုးတိုးရယ်ရင်း

"Hyung လာလာ ကျွန်တော်ပြန်လဲပေးမယ်"

Xing hyung ကို အိပ်ယာခင်းအသစ်လဲပေးပြီးပြန်ထွက်လာတော့ ထမင်းစားပွဲမှာ အသင့်ထိုင်စောင့်နေတဲ့ sehun

"Sehun ဘာစားချင်လဲ"
"Gerkins"
"မင်း အဲဒါစားတာဗိုက်ပြည့်လို့လား"
"အဲဒါ ငါတို့အတွက် အစားအစာပဲလေ"
"အာနေဦး မနေ့ကဝယ်လာတဲ့ ice-cream ရှိတယ် ငါလုပ်ပေးမယ်"

ပြောလည်းပြော ရေခဲသေတ္တာထဲက ice-cream ဘူးကိုယူကာ ကြွေခွက်ဝိုင်းထဲခပ်ထည့်လိုက်ပြီး sehun ရှေ့ချပေးတော့ ပန်းကန်တစ်ခုလုံးစေ့စေ့စပ်စပ် စပ်စုပြီးသကာလ

"Nini ဒီမည်းမည်း အလုံးကြီးတွေကဘာတွေလဲဟင်"
"အဲဒါ bubble စိ လေးတွေလေ စားကြည့် အိစိစိလေးတွေ"

Sehun ကတော့သူ့ရဲ့ချစ်လှစွာသော Nini စကားအတိုင်း ထိုအိစိစိအလုံးလေးတွေကိုယူစားကြည့်လေရဲ့
ပထမတစ်လုံး ဝါးတယ် မျက်လုံးလေးဒေါင့်ကပ်ကာ အရသာခံရင်း သေသေချာချာဝါးတယ်
ဟောနောက်တစ်လုံး sehun တစ်ယောက်ကတော့ ice-cream ခွက်ထဲခေါင်းစိုက်နေလေပြီ

Monster ေလးရဲ႕ NiNi / Monster လေးရဲ့ NiNi (Zawgyi +Unicode)Where stories live. Discover now