Our babies(unicode)

319 28 0
                                    


"Hun NiNi bubble tea သောက်ချင်တယ်"
"ခဏလေး ကိုယ်အသစ်ယူပေးမယ်လေ ကိုယ်ဘူးကိုလုသောက်စရာလား"
"ဟင့်အင်း ရဘူး အဲဒီဘူးပဲသောက်ချင်တာ ဗြဲ..😢😢"
"😔 ကဲကဲ ရော့သောက်"
"ဟင့် ဘာလဲ hun ကပေးမသောက်ချင်ဘူးလား"
"ပေးသောက်ပါတယ် NiNi ရယ် သောက်သောက်"

လက်ထဲက bubble tea ကို ဆောင့်အောင့်ယူရင်း နှုတ်ခမ်းကိုလည်းတစ်တောင်လောက် စူထားလိုက်တာဆိုတာ ..
Kim jongin တို့ အခုရက်ပိုင်းကလေးလိုလို ခွေးလိုလိုနဲ့ သူနဲ့ယှဉ်ရင်လက်တောက်လောက်ရှိတဲ့ sehun ကို အနိုင်ကျင့် ဗိုလ်ကျ ချွဲ လိုချင်တာမရရင်အာဗြဲကြီးနဲ့ငိုတာ ကလည်းပါလိုက်သေး ....
ရေခဲသေတ္တာထဲက sehun ရဲ့တစ်လစာ bubble tea ပမာဏဟာ kim jongin လက်ချက်ကြောင့် တစ်ပတ်ထဲနဲ့တစ်ဝက်ကျော်ကျော် ပြောင်သလင်းခါလို့

"NiNi"
"ဟင်"
"NiNi bubble tea မကြိုက်ဘူးမို့လား ဘာလို့ bubble tea တွေကြီးစွတ်သောက်နေရတာလဲ တခြားဟာလေးဘာလေးစားချင်တာမရှိဘူးလား"
"Pizza pizza စားချင်တယ်"
"အခုလား"
"အင်းလေအခုပေါ့"
"Hun ကဘယ်လိုလုပ်ဝယ်ပေးလို့ရမှာလဲ NiNi ရ"
"မှာလိုက်မယ် ခဏလေး NiNi မှာနံပါတ်ရှိတယ်"

ပြောလည်းပြော ဖုန်းစင်နားကိုအပြေးလေးထသွားတဲ့ အမောင် jongin
ဒီရက်ပိုင်း ဒီကလေးအစားတွေ စားလိုက်တာဆိုတာလည်း တစ်ခုပြီးတစ်ခုပြတ်တယ် ကိုမရှိ အဲ အိပ်ချိန်နဲ့ ဟိုအချိန် ဒီအချိန်ကလွဲလို့ ....
ငါတော့မွဲပြီအမောင် jongin ရယ်... 😥😥😥😥

ခုလဲကြည့် ညနက်သန်းခေါင် ဗိုက်ဆာလို့ဆိုပြီး ရေခဲသေတ္တာကို ပိုက်စိတ်တိုက်ရှင်းလင်းရေးလုပ်နေတာ

"NiNi တော်ပြီလေ အိပ်ရအောင် တစ်နေ့လုံးစားနေတာ ရင်ပြည့်ပြီး အစာမကြေဖြစ်ကုန်မယ် မနက်မှထပ်စားနော် လိမ္မာတယ်"
"လိမ္မာ ပါဝူး ခုဗိုက်ဆာနေတာလို့ 😢😢"

မျက်ရည်ဗလပွနဲ့ ရှုံ့မဲ့မဲ့ ပုံစံကြောင့် sehun လက်လျော့ကာ

"ဟုတ်ပြီ ကြိုက်တဲ့မုန့်ယူပြီး ဆိုဖာကိုလာခဲ့"
"Yehet အဲဒါကြောင့် hun ကို ချစ်တာ မွ မွ"

ခုန်ပေါက်ကာ မုန့်တပွေ့တပိုက်နဲ့ ဆိုဖာကိုအလာ လမ်းတစ်ဝက်မှာတင်ပုံလဲကျသွားတာကြောင့် စိုးရိမ်တကြီးအနားသွားတော့ ဝေဒနာ တစ်ခုခုအပြင်းအထန်ခံစားနေရပုံ

"ဟင်း hun ပူ ပူ တယ် ဟင်း အင့်"
"NiNi ခဏ ခဏပဲအောင့်ထားနော်"
"ဟင့် ပူတယ်လို့ ပူတယ်"
"အာခဏလေးကိုယ်pa pa ကိုမေးလိုက်မယ်"

"Wae Hunnie ဘာဖြစ်လို့လဲ"
"Pa pa NiNi ကိုယ်တွေအရမ်းပူနေတယ်"
"ကိုယ်ပူတာ ဆရာဝန်ပြပေါ့ဟ ငါကကုတတ်မလား"
"ဟာ pa pa ကလည်း အဲဒီလိုပူတာမဟုတ်ဘူး အခုကတစ်မျိုးကြီး နောက်အခုတစ်လော NiNi အစားတွေအရမ်းစားလာတယ် မဟုတ်မှ...."
"ကိုယ်ဝန်......."

"Hun"

တိုးဖျော့ဖျော့အသံနဲ့အတူ လက်ဖဝါးတစ်ဖက်ကို လာထိတဲ့မီးခဲတစ်မျှပူလှတဲ့ လက်ချောင်းထိပ်ကလေး

"Hunnie jongin ကို ရေဇလားထဲရေဖြည့်ပြီး အဲဒီထဲထည့်လိုက် အဲဒါမှ သူ ကလေးမွေးလို့ရမှာ မဟုတ်ရင် သူ အပူဒဏ်ကိုမခံနိုင်ပဲ သေဆုံးရလိမ့်မယ်"
"ဘာ ဟင့်အင်း NiNi ကသေစရာလား
အဲဒါကြောင့်မို့မြန်မြန်ပို့လေ ရေချိုးခန်းထဲကို
ကျွန်တော် NiNi ကိုမလို့မရဘူး လေ 😢"
"အာ pa pa chanyeol ကိုလွှတ်လိုက်မယ် ခဏလေးတောင့်ခံထားကြ"

"Hun"

"Hun"

"Hun"

ထိကပ်ထားတဲ့လက်ချောင်းလေးရဲ့အပူချိန်ကပိုပို များလာသယောင်
လက်ဖဝါးလေးကိုဆုတ်ကိုင်လိုက်တော့ ဖြူဖျော့ဖျော့ အပြုံးလေးနဲ့ပြုံးပြလာသူ

"NiNi ဘာမှမဖြစ်ဘူးနော် အားတင်းထား NiNi ကို Hun ရအောင်ကယ်မှာ Hun ကို ယုံတယ်မလား"
"အင်း...."

"Hun"
"Wae wae ပြော ကလေးဘယ်နားကနာနေလဲ"

"Hun......
အရမ်းချစ်တယ်"

မျက်ဝန်းလေးတွေကိုမှိတ်ဆက်ကာ အနားယူဟန်ပြင်နေသူ

"ဟင့်အင်း ကလေး NiNi ကိုယ့်ကိုကြည့်စမ်း မျက်လုံးတွေပြန်ဖွင့်ကိုယ်ပြောနေတယ်လေ
ကလေးသေလို့မရဘူး ကိုယ်နဲ့အချိန်တွေအကြာကြီး ပျော်ပျော်ရွှင်ရွှင်နေရဦးမယ်လေ"

အသက်မျော့မျော့လေးသာရှိတော့တဲ့ ကြမ်းပြင်ပေါ်ကကောင်လေးနားမှာတော့ မျှော်လင့်ချက်တွေမဲ့နေတဲ့ monster လေးတစ်ကောင် ရှိုက်ကြီးတစ်ငင်ငိုကြွေးနေခဲ့တယ်.....

~~~~~~~~~~~~~~~~♡♡♡♡♡~~~~~~~~~~

Monster ေလးရဲ႕ NiNi / Monster လေးရဲ့ NiNi (Zawgyi +Unicode)Where stories live. Discover now