"Nini"
"ဟင်"
"ကိုယ်နဲ့လိုက်ခဲ့ပေးပါ"
"Sehun"
"ဟုတ်တယ်ကိုယ်ချစ်နေခဲ့တဲ့သူက Nini ဆိုတဲ့ကောင်လေးပဲ ဒါကြောင့် ကိုယ်နဲ့ရေအောက်ကမ္ဘာကိုလိုက်ခဲ့ပေးပါ"
"Hun..sehun..."သူတကယ်ပြောနေခဲ့တာလား ကျွန်တော့်ကိုညာနေတာလား ဟင့်အင်း sehun ကဖြူစင်တဲ့သူတစ်ယောက်ပါ ဘယ်တော့မှမညာတတ်ခဲ့တဲ့သူပဲလေနော့် တကယ်တော့သူလိမ်ညာနေတယ်ဆိုရင်တောင် ပျော်ပျော်ကြီးလက်ခံပေးမိမှာ ကျွန်တော်ရူးနေတယ်ထင်ပါ့
"ငါ..."
"Jongin andwe.."Sehun ဆီလှမ်းလိုက်တဲ့လက်သွယ်သွယ်လေးတွေကလေထဲမှာရပ်တန့်သွားကာ အသံလာရာကိုအလန့်တကြားလှည့်ကြည့်လိုက်တော့ sehun လိုYokai ကောင်လေးတစ်ကောင် အနီရောင်ဆံပင်တွေနဲ့ အမြီးပွပွငါးချောင်းကအနောက်ဘက်မှာလှပသေသပ်စွာ
"Jongin sehun ကိုမယုံနဲ့ သူကမင်းကိုအပြီးခေါ်သွားမှာ မင်းလိုက်သွားပြီးရင် ဒီကမ္ဘာကိုဘယ်တော့မှပြန်လာလို့ရမှာမဟုတ်တော့ဘူး"
"တ တကယ်လား"
"အေး sehun မင်းဘာကြောင့် jongin လက်မှာမင်းရဲ့အမှတ်အသားကိုလုပ်ထားရတာလဲ ပြန်ဖျက်လို့ရတုန်းဖျက်ပါ"
"အမှတ်ကဘာအဓိပ္ပါယ်ရှိလို့လဲဟင်"
"အဲဒီအမှတ်ရှိနေရင် မင်းရေအောက်ကမ္ဘာကိုမလိုက်လို မရတော့ဘူး jongin မင်းကသူ့ရဲ့တရားဝင်ဇနီးဆိုတဲ့အမှတ်အသားရှိနေလို့ပဲ"
"တ တရာဝင်ဇနီး"မျက်နှာတစ်ခုလုံးနီရဲကာခေါင်းငုံ့သွားသော jongin ကိုကြည့်ကာ Yokai လေးကတော့ခေါင်းတစ်ခါခါနဲ့
"ဒါနဲ့ဒီကဘယ်သူလဲ"
"ငါ့နာမည် chanyeol အဲဒီ sehun ဆိုတဲ့ Yokai ကောင်ရဲ့ အစ်ကိုဝမ်းကွဲ sehun ငါပြန်တော့မယ် မင်းdaddy လိုက်လာမယ်လို့ငါကြားထားတယ် အဲဒီအကြောင်းလာပြောတာ"ပြောပြီးတာနဲ့ နှင်းတောထဲကိုခပ်လောလောပြေးဝင်သွားတဲ့ chanyeol ကို ခပ်တွေတွေလိုက်ငေးနေတဲ့ချစ်ရတဲ့ကောင်လေးရဲ့ ကျောဘက်ကနေအသာလေးပွေ့ဖက်လိုက်တော့
"ဟင် sehun မင်း ဘယ် ဘယ်လိုဖြစ်ပြီး လူတစ်ယောက်ပုံစံရသွားတာလဲ"
"မင်းကိုငါပြောခဲ့တာပဲ ငါလူတစ်ယောက်အသွင်လုပ်ယူလို့ရနေပြီဆိုတာ"
"ဒါဆို ည ည ကအိပ်မက်..."
"အာ ညကကိစ္စကိုဘာကြောင့်မမှတ်မိတော့တာလဲ အနည်းဆုံးတော့မင်းလက်က အမှတ်အသားလေးဘယ်လို ရခဲ့တယ်ဆိုတာလောက်တော့ မှတ်မိသင့်တယ် Nini"
"ဒါဆိုညက ah.. ah"အနောက်ကနေသိုင်းဖက်ရင်း လည်ပင်းသာညိုညိုလေးတွေကိုခပ်ဖိဖိနမ်းလိုက်တော့ ထွက်လာတဲ့ မပီမသ အသံတိုးတိုးလေးကစွဲမက်ဖွယ်
"အမှတ်အသားဟုတ်လား"
"ဟုတ်တယ် Nini မှာကိုယ့်ရဲ့အမှတ်အသားရှိရင် Nini ကိုရေအောက်ကမ္ဘာခေါ်သွားလို့ရတယ် ကိုယ့်ရဲ့ကြင်ယာတော်အဖြစ်ပေါ့"
"Sehun..hun..na"
"ကိုယ့်အနားမှာပဲနေပေးပါ ကိုယ် Nini မရှိရင်မနေတတ်ဘူး ကိုယ် Nini ကိုအရမ်းချစ်တယ် ဒါကြောင့်ကိုယ့်အနားမှာပဲ ကျေးဇူးပြုပြီးနေပေးပါလား Nini ရယ်"
"Hun..ည ည က😳😳😳"
"အာ ညကကိစ္စအတွက်ကိုယ်တောင်းပန်ပါတယ်နော် ကိုယ်ကိုမမုန်းလိုက်ပါနဲ့ ကိုယ်ဘယ်လိုမှထိန်းချုပ်မရဖြစ်သွားလို့ပါ
ဟင်"ကျွန်တော်မှတ်မိနေတယ် ကျွန်တော်ကိုယ်တိုင်လိုလိုလားလားပေးအပ်ခဲတဲ့ည..
ကျွန်တော် sehun ကိုမုန်းနေခဲ့သလား အဖြေကအကြာကြီးတောင်မစဉ်းစားရပါပဲ နှလုံးသားကကော ဦးနှောက်ကပါ ပြောတာ No အနောက်ကနေ ဖက်ထားတဲ့ သူ့လက်တွေကိုခွာချလိုက်ကာ အားကိုးရာရင်ခွင်ကျယ်ထဲတိုးဝေ့ရင်း ခပ်တင်းတင်းဖက်ထားမိတယ်"Hun na.. ငါ ငါ မင်းကိုမမုန်းပါဘူး ဘယ်လိုမှလဲမဖြစ်နိုင်ပါဘူးလေ မင်းနှင်ထုတ်ခဲ့ရင်တောင် မင်းဘေးမှာငါတွယ်ကပ်နေမိမလားပဲ"
အဖြေစကားအဆုံးမှာ ပြုံးလိုက်မိရင်း ချစ်ရသူရဲ့နှုတ်ခမ်းဖူးဖူးလေးတွေကိုသိမ်းပိုက်မိတော့ လက်သီးစုတ်ကလေးတွေနဲ့ ခပ်ဖွဖွတွန်းနေတဲ့သူကြောင့် မလွှတ်ချင်လွှတ်ချင်နဲ့လွှတ်ပေးလိုက်ကာ
"Nini"
"ဟင်"
"Nini shi"
"ဘာလဲလို့"
"ကိုယ့်အတွက်ကလေးသေးသေးလေးတွေမွေးပေးပါ"
"ဘာ ကလေး Oh sehun shi ခင်ဗျားရူးနေသလား ကျွန်တော်က ယောက်ျားလေးလေ ဘယ်လိုလုပ်ကလေးမွေးမလဲ"
"ကလေးမွေးဖို့က ယောက်ျား မိန်းမအဓိကမဟုတ်ပါဘူး အဓိကက Nini ကိုယ့်ကိုယုံကြည်ပေးဖို့ပဲ
ကိုယ့်အတွက်ကလေးလေးတွေမွေးပေးမယ်မဟုတ်လား ဟင် ဟင်လို့"
"မွေး မွေး ပေး မယ်😳😳😳"ပါးလေးတွေရဲကာ ရင်ခွင်ထဲမျက်နှာအပ်ရင်း ရှက်နေရှာသော ကလေးစုတ်လေးရဲ့ကိုယ်လုံးသေးသေးကို စွေ့ကနဲကောက်ချီရင်း sehun ရဲ့ဦးတည်ရာကသူတို့ရဲ့အိပ်ခန်းလေးဆီ
😈😈😈😈😈🙈🙈🙈🙈🙈🙈~~~~~~~~~~~~~♡♡♡♡♡~~~~~~~~~~~~~~~~

YOU ARE READING
Monster ေလးရဲ႕ NiNi / Monster လေးရဲ့ NiNi (Zawgyi +Unicode)
FanfictionSekai yaoi myanmar fiction base on manga Jappa no amane