"Park Chanyeolဝင်လို့ရပါပီ...''"ဟုတ်ကဲ့...''
"ဟင်...''
လူငါးယောက်ထိုင်နေသည့်အထဲမှာ
အလယ်တည့်တည့်က သူ....မသိမသာခုန်လှုပ်သွားသော ရင်ကိုဥပေက္ခာပြုရင်း..
ချထားသော ခုံမှာအသာဝင်ထိုင်ရသည်...."အဲ...''
Formထဲမှ ဓာတ်ပုံကိုမြင်သွားပုံရသော
ထိုသူသည် ထူထဲသောမျက်ခုံးများကို
လှပစွာ တွန့်ချိုးကာ ဇဝေဇဝါမော့ကြည့်လာသည်..."မင်း...''
နှုတ်ခမ်းလှုပ်ရုံရေရွတ်ကာ
တင်းမာသွားသော မျက်နှာထားကြောင့်
ကယောင်ကတမ်းပြုံးပြမိရင်း
ဦးညွှတ်နှုတ်ဆက်မိသည်...ဖြန်း...ဆိုသောအသံထွက်သွားအောင်
စာရွက်တွေကို စားပွဲပေါ်ပစ်တင်သည့်
သူ့ကိုသာ မျက်နှာငယ်ငယ်နဲ့ကြည့်လိုက်မိသည်...သူ့အပြုအမူကြောင့်ထင်သည်..
ကျန်လူများရဲ့စူးစမ်းသော
အကြည့်တွေ ကျွန်တော့်ဆီစုပြုံလာကြသည်...ဘယ်နှစ်ကြိမ်မြောက်မှန်းမသိပြုံးပြမိပြန်တော့
အနည်းငယ်လျော့သွားသော
မျက်နှာထားတွေထဲမှာ
သူတော့မပါ...ဘယ်လိုမှအခြေနေမကောင်းနိုင်တာသိပီမို့
အကြည့်တွေကို သူ့ရဲ့ ခရမ်းနုရောင်စတိုင်ဘောင်းဘီရဲ့ခြေဖျားဆီပို့ထားမိသည်....ကြွေရောင်တောက်ပနေသော ရှုပ်အဖြူနဲ့လဲသူဟာ
ချောမောခန့်ညားနေတာပဲဟာ...."မင်း ဒီအလုပ်ကိုရမယ်လို့ထင်လား...''
"ဗျာ...''
အနည်းငယ်တော့ ထူးဆန်းနေပေမယ့်
ကျွန်တော်တော့နားလည်ပါသည်..."ကျွန်တော်...''
"ပြန်တော့...''
တစ်ခွန်းမှကိုပြောခွင့်မပေးသော
နီရဲနေသည့်နှုတ်ခမ်းဖူးဖူးကို
စူးစိုက်ကြည့်နေမိသည်...ကျွန်တော့်နေရာမှာတခြားသူဆိုရင်
ကြောက်လန့်သွားလောက်ပေမယ့်..."ကျွန်တော့်ကိုခုထိ ဘာမှမမေးရသေးဘူးလေ...''
"ငါတို့မင်းကိုမခန့်ဘူး..
မင်းသွားလို့ရပီ...''