"...ဒယ်ဂျွန်းကို....တစ်ခါထဲမောင်း..''
"ဟို..''
"ရတယ်... ငါ့ကိုအဲ့ဒီချပေးပီးတော့ မင်းပြန်...
စာရွက်စာတမ်းးတွေမင်းယူသွားပီးPapaကိုရှင်းပြလိုက်.. ..ငါစိတ်ချမယ်..''စောဒကတတ်ချင်နေသေးသည့်
အတွင်းရေးမှူးကို အံကြိတ်ပြလိုက်မှ
ပါးစပ်ပိတ်သွားတော့သည်...။မဖြစ်ဘူး... ။
ဘယ်လိုနည်းနဲ့မှ အဆုံးရှုံးမခံနိုင်ဘူး...။
အဆုံးရှုံးမခံနိုင်ဘူးဆိုတာ သေချာနေတဲ့နောက်မှာ ရှင်းလင်းသည့်အဖြေတစ်ခုကို
သူ့ဆီက ကျွန်တော်သိရမှဖြစ်မည်...။"ဟား...''
သူ့ခြံရှေ့ရောက်တော့ ပိတ်ထားသည့်
ခြံတံခါးက ရင်ဝကိုဆောင့်ကန်လိုက်သည့်နှယ်....။"ညီလေး..ဒီအိမ်ကလူတွေဘယ်သွားတာလဲ...
သိလားဟင်...''ဒီနားတဝိုက်မှာ မြင်ဖူးနေသောကောင်လေးတစ်ယောက်ကို မေးမိတော့နာရီကိုငုံ့ကြည့်ပီး ကျွန်တော့်ကိုပြန်ကြည့်လာသော
မျက်ဝန်းတွေမှာ နားမလည်သည့်
အရိပ်အယောင်တွေနှင့်....။"သူတို့အလုပ်သွားတယ်လေ..''
"ဟင်..''
"အော်... အင်း...ဟုတ်သားပဲ....
ညီလေး ကျေးဇူးကွာ...''ဗလာဖြစ်နေသော ဦးနှောက်နှင့်
ကမူးရှူးထိုးဖြစ်နေခဲ့သည့် ကျွန်တော်သည်
သူပုံမှန်လည်ပါတ်နေလောက်သည့်ကိစ္စတွေကိုတောင် မစဉ်းစားနိုင်တော့ခြင်းဖြစ်သည်...။"တောတ်...''
ကိုယ့်ကိုကိုယ်ဒေါသထွက်ရင်း
ကားထဲဝင်ထိုင်ပီးမျက်လုံးတွေကိုမှိတ်ကာ
အတော်ကိုလှုပ်ရှားနေသည့်
စိတ်တွေကိုအနားပေးလိုက်ရသည်....။"..ရပြီ...မောင်းတော့...''
Phone ကို ဖွင့်ကြည့်မိတော့
Reply ပြန်ထားခြင်းမရှိသော ကျွန်တော်သူ့ဆီပို့ထားသော messageတွေဆီလက်ကရောက်သည်...။ထိုမျှထိ ဥပေက္ခာပြုထားနိုင်သည့်
သူ့စိတ်တွေဟာ ဘယ်လိုများပါလိမ့်...။သူ့ဆီမှ လမ်းခွဲမယ်ဟူသော
စာကို လက်ခံရရှိပြီးကထဲက
ကျွန်တော်တောင်းဆိုခဲ့သော......၊
ကျွန်တော်မေးမြန်းခဲ့သော
စကားလုံးများစွာကို သူ့ဘက်က
တစ်ခွန်းတစ်လေမှ မတုန့်ပြန်ခဲ့ပါ....။