အပိုင်း(၁၈)

3.4K 261 8
                                    


"မင်းမှားနေတယ်လို့ မတွေးမိသေးဘူးလား....Chanyeol.....''

"....''

"ဟင်း..''

သက်ပြင်းတစ်ခုမသက်မသာချနေသည့် သူငယ်ချင်းအား...ပြုံးပြမိသည်...။
မသိချင်ယောင်ဆောင်ကာမျက်နှာလွှဲသွားလေတော့ အော်ရယ်မိလေပြီ..။
ထိုအခါကျတော့လည်း ရူးသွားတာလားဟုမေးနေသော မျက်လုံးတွေနှင့်
ကြည့်ခြင်းခံလိုက်ရပြန်သည်...။

"ငာ့ကိုပြုစုနေရတာပင်ပန်းနေပြီလား... Sehun.....မဟုတ်မှလွဲရော....
ငါ့ကိုစိတ်ပျက်နေပြီလား...''

"ကျွတ်... Chanyeol...''

အတော်မာသောအသံနှင့်ဒေါသမျက်ဝန်းတွေကြောင့် ဝမ်းနည်းစိတ်ကလှိုက်တတ်လာခဲ့သည်...။

"ငါ့အဲ့ဒီလိုသဘောနဲ့ပြောတာမဟုတ်ဘူးဆိုတာ မင်းသိမယ်ထင်ထားတာ...''

Sehunစကားမဆုံးခင်မှာကျလာသော
မျက်ရည်စတွေကို ထိန်းချုပ်ရန်အချိန်မမီလိုက်ပါ...။

"ဆောရီးကွာ...ငါက...
ငါWu YiFan ကို သနားမိတယ်...
မင်းကိုလဲစာနာပါတယ်...
ဒါပေမယ့်...''

ကျွန်တော့်ကိုယ်ကိုသူ့ရင်ခွင်ထဲဆွဲယူကာ
ပွေ့ဖက်နှစ်သိမ့်ပေးနေသည့် Sehun
စိတ်နှစ်ခွဖြစ်နေပုံရသည်...။

"အခုချိန်လောက်ဆိုရင် သူမင်းကိုစိတ်ပူလွန်းလို့အရူးတပိုင်းဖြစ်နေလောက်ပြီ...''

"ငါသူ့အတွက်စာတစ်စောင်ချန်ခဲ့တယ်လေ...
Sehun...သူငါဘာဖြစ်ချင်လဲဆိုတာ
သဘောပေါက်မှာပါ.....အဲ့ဒီ့စာကိုဖတ်ပြီးရင် သူငါ့ကိုစိတ်ပူတော့မှာမဟုတ်ပါဘူး....''

"သဘောပေါက်ပြီးတော့မင်းဖြစ်စေချင်တဲ့အတိုင်း သူအားလုံးကိုလိုက်လျောပေးမှာကို...
မင်းရင်မနာဘူးလား...Chanyeol...
သူမင်းကိုရူးရူးမူးမူးကိုချစ်တာ....
မင်းစိတ်တိုင်းကျဘာမဆိုဖြစ်စေခဲ့တဲ့အထိ
သူမင်းကိုချစ်နေပေးတာ...
အဲ့ဒီလိုလူမျိုးကို မင်းကရက်ရက်စက်စက်ထားခဲ့တာ.....''

"ငါ့မှာအပြစ်ရှိပါတယ်ကွာ...
ငါ့ရင်ထဲမှာလဲ ကြေမွနေပါပြီ.....
ငါအခုလိုဆုံးဖြတ်ခဲ့တာသူ့ဘဝအတွက်ပါ...
သူမိသားစုအတွက်အဆင်ပြေစေဖို့...
သူ့ရဲ့ဒယ်ဒီအတွက်သူက လိမ္မာတဲ့သားတစ်ယောက်ဖြစ်စေချင်လို့ပါ......
ငါ့ဘဝတစ်လျှောက်လုံးမှာ ဒီလိုဆုံးရှုံးမှူမျိုးက ခံစားရလွန်းလို့ထုံကျင်နေပြီ...
ငါဘာကိုမှမမက်မောတော့ဘူး.....
ဒါပေမယ့်သူ့ကိုတော့ အရာရာပြည့်စုံနေစေချင်တယ်....''

ချစ်ရပါသော... ချစ်ရပါသော...Donde viven las historias. Descúbrelo ahora