အပိုင်း(၅)

4.8K 397 29
                                    


"သား.. တစ်ယောက်ယောက်နဲ့တွဲနေတာလား..''

"ဗျာ..''

သိပ်ကိုပါးနပ်လွန်းသော မေမေပါလေ...

အပြုံးချိုချိုတစ်ခုနှင့် မျက်ခုံးပင့်မေးဟန်သည်
တစ်စုံတစ်ရာကို သိပီးသည့်ဟန်ပန်မျိုး
ဖြစ်နေသည်......

"ဘာကိုလဲ မေမေရဲ့...''

"မေမေသိလို့တော့မဟုတ်ပါဘူးသားရယ်..
အရင်က အိမ်ကိုပြန်လာရင် အလုပ်မှာဘယ်လိုပင်ပန်းတယ်ဆိုတာ
ပြောပီး မေမေ့ကိုချွဲတတ်တဲ့သားက...
တစ်ခါတလေ ပြုံးရွှင်ပီးတော့တောင်ပြန်လာတာလားလို့...''

"အာ.. မေမေကလဲ...''

"ခုလဲ သားမျက်နှာကအေးချမ်းနေတာပဲ....
မေမေ့အထင်..
မေမေခုလိုပြောလိုက်တာ သားရှက်သွားသလိုပဲ...''

မျက်နှာကိုငုံ့ချကာ ကွယ်ဝှက်လိုက်ပေမယ့်
စက္ကန့်မလွှဲအကဲခတ်နေပုံရသော
မေမေကမြင်လေသည်...

ကျွန်တော် ဘယ်လိုဖြေရမလဲ
စဉ်းစားနေတုန်းရှိသေးတယ်..

သက်ပြင်းချသံတိုးတိုးမေမေ့ဆီကကြားလိုက်ရပီး...

"ဘယ်လိုမိန်းခလေးမျိုးပဲဖြစ်ဖြစ်
မေမေလက်ခံနိုင်တယ်သား...
သားဖေဖေလက်ခံလာအောင်လဲ ပြောပေးနိုင်တယ်..
ဒါပေမယ့်....''

သူမရဲ့ ဝိုင်းဝန်းသော (တစ်စုံတစ်ဦးနှင့်ဆင်သည်ဟုထင်မိသော...) မျက်လုံးတွေမှာ
လေးနက်မှူတို့နဲ့တောက်ပနေပီး...

"ယောကျာ်းလေးတစ်ယောက်ဆိုရင်တော့...
မဖြစ်သင့်ဘူး မဟုတ်လား...''

လွတ်ကျသွားတော့မည့်တူကို တင်းကျပ်စွာ
ဆုပ်ကိုင်လိုက်မိသည်......

"မေမေ... သူ...''

တစ်ခုခုပြောမို့ပြင်မိပေမယ့် လက်ကာပြပီး...

"စိတ်မပူနဲ့အုံးသား..
မေမေသူဘယ်သူဆိုတာတောင်မသိသေးဘူး...
သားသာဆင်ခြင်မယ်ဆိုရင်....''

တစ်စွန်းတစ်စနဲ့ရပ်ပစ်လိုက်ပီး
သတိပေးသော အကြည့်တွေသည်စကားများစွာပြောနေလေတော့...

"ဆင်ခြင်ပါ့မယ်... မေမေ..
သူ့ကိုတော့ ဘာမှမလုပ်ပါနဲ့....''

''သားကို မေမေယုံပါတယ်....''

ချစ်ရပါသော... ချစ်ရပါသော...Donde viven las historias. Descúbrelo ahora