အပိုင်း(၁၂)

3.3K 318 32
                                    


လေယာဉ်ပေါ်ရောက်သည်နှင့်
စတင်လာခဲ့သော အလွမ်းတို့သည်..
Beijing မြေပေါ်ခြေချမိသည်နှင့်
အလွတ်ရနေသော ဖုန်းနံပါတ်ကို
နှိပ်မိတော့သည်....

"...အာ.. သူအခု စာမေးပွဲဖြေနေတာပဲ..''

သုံးခါမြောက်ခေါ်ဆိုပြီးမှ
သတိရမိလေခြင်းရယ်....
မလိုအပ်ပဲ စိတ်အနှောင့်ယှက်ဖြစ်နေအုံးမည်ဆိုသော အတွေးနှင့် ကိုယ့်ကိုကိုယ်အပြစ်တင်ရင်း..အင်တာနက်ဖွင့်ကာ
စာတိုလေးတစ်ခု ပို့ပြီး
ဟိုတယ်သွားဖို့လုပ်ရတော့သည်....

****%%******************%%******

"Missed Called တွေ..''

စာမေးပွဲခန်းထဲမှထွက်ထွက်လာခြင်း
ဖုန်းအရင်ထုတ်ကြည့်မိတာ..
တစ်ခုခုကိုမျှော်လင့်မိတာကြောင့်ဖြစ်သည်...

"Wu YiFan လား..''

"အင်း..''

Noti ကိုဆွဲချရင်း Sehun ကို
ခေါင်းညိတ်ပြရသည်...

ဖုန်းခေါ်၍မရလျှင် သူစာများပို့ထားလေမလားဟူသည့်အတွေးနှင့် Data On
လိုက်မိတော့ တတီတီနဲ့ဝင်လာသော
Msg တွေ....

////ကိုယ်ရောက်ပြီ ခလေး....
အရမ်းလွမ်းနေတာနဲ့ Chan
စာမေးပွဲခန်းထဲရောက်နေတာ
ကိုယ်မေ့သွားလို့...
အရမ်းချစ်တယ်နော်.. 😘😘///

ကလေးကလားနဲ့....
Kiss Emoji... ကိုသူလိုလူကသုံးတတ်သည်တဲ့လား....

သဘောကျသောစိတ်နှင့်
အလိုလိုပြုံးလိုက်မိသည်ထင်ပါရဲ့....

Sehun က အမြင်ကတ်သလို ပခုံးချင်းပစ်တိုက်သွားသည်.....

///ဟုတ်...
အစစအရာရာ ဂရုစိုက်ပါ..
ကျွန်တော်လဲ Fan Fan ကိုလွမ်းတယ်...///

တကယ်ပဲ သူ့ကိုလွမ်းနေမိတာ......

အနားမှာ သူမရှိလေခြင်းက နှလုံးသားကို
သိသိသာသာနာကျင်စေသည်....

Wu YiFan သူသာလျှင်
ကျွန်တော့်ဘဝအတွက်
မရှိမဖြစ်အရေးပါနေတာမျိုး မဖြစ်စေချင်ခဲ့ပေမယ့်...

"....''

တွေးနေတုန်းဖုန်းမြည်လာတာမို့
ပြုံးလိုက်မိသည်...

"Hello...''

သူ့ဘက်မှမသံတိတ်နေသည်...

အနည်းငယ်ကြာလာတော့
ကျွန်တော်စိတ်ပူလာရသည်....

ချစ်ရပါသော... ချစ်ရပါသော...Onde histórias criam vida. Descubra agora