စတင်ခြင်းတွေရှိခဲ့ရင် အဆုံးသတ်ဆိုတာလဲ
ရှိမှာ သေချာတယ်....။
ကျွန်တော်တို့ဇာတ်လမ်းလေးကို
အမြဲတမ်းလှပချော့မွေ့နေမယ်လို့
မမျှော်လင့်ခဲ့ပါဘူး....။ဒါပေမယ့် တကယ်တမ်းအဆုံးသတ်ဖို့
သေချာသွားတဲ့ အချိန်မှာ ရင်နဲ့မဆန့်အောင်
ခံစားခဲ့ရတယ် Wu YiFan...။ကျွန်တော်ခင်ဗျားကို မစွန့်လွှတ်ချင်ဘူး..။
ဘဝမှာ ပထမဆုံးအကြိမ် ကျွန်တော်ခင်ဗျားကို အရာအားလုံးကို စွန့်လွှတ်ပြီးတော့
ပိုင်ဆိုင်ချင်ခဲ့တယ်....။ခင်ဗျားဟာ ကျွန်တော်နဲ့မထိုက်တန်ဘူးဆိုတာ
သိနေရက်နဲ့ အရာအားလုံးမေ့ဖျောတ်..
မသိချင်ယောင်ဆောင်ပြီးခင်ဗျားကို
လိုချင်ခဲ့တာ....။ရူးသွပ်ခဲ့တယ်...မက်မောခဲ့တယ်...။
တွယ်တာခဲ့တယ်... စွဲလမ်းခဲ့ပါတယ်...။ဒါပေမယ့် Wu YiFan ရယ်..
ကျွန်တော့်အချစ်ကခင်ဗျားအတွက်
ဆုံးရှုံးနစ်နာမှုတွေကိုပဲ ရရှိစေမယ်ဆိုရင်
ခင်ဗျားအနားမှာနေဖို့ကျွန်တော်
သတ္တိမရှိတော့ဘူး...။ကျေးဇူးပြုပြီးတော့ ကျွန်တော့်ကို
မေ့ပစ်ပြီး... ပျော်ရွှင်နေပေးပါ...။****%%****************%%******
"ဟင်...''
"ခွမ်း...''
အာမေဍိတ်သံမဆုံးခင်မှာ လွတ်ကျသွားခဲ့သော ကော်ဖီခွက်လေးဟာ ကြမ်းပြင်ပေါ်မှာ
အစိတ်စိတ်အမွှာမွှာကွဲကျေသွားခဲ့ရပြန်သည်..။နမော်နမဲ့နိုင်လိုက်တာ Park Chanyeol ရယ်..
ဒါနဲ့ဆို ကော်ဖီခွက် နှစ်ခွက်တောင်
ဖြုန်းတီးမိနေပြီ...။ဒီလောက်ထိကြောက်လန့်ဖို့ကောင်းတဲ့
မျက်နှာ မဟုတ်ပဲနဲ့....။"သား...''
"အဲ့ဒီနာမ်စား မခေါ်စမ်းနဲ့
ခင်ဗျားကကျွန်တော့်ကို သားလို့မသတ်မှတ်သလို ကျွန်တော်ကလဲခင်ဗျားကို
အမေတစ်ယောက်လို့မသတ်မှတ်နိုင်ဘူး...''သူမမျက်ဝန်းတွေ ညိုမှိုင်းသွားခဲ့သည်...။
ကျွန်တော်နှင့်တူညီသော မျက်ဝန်းတွေအကြောင်းကို မတွေးချင်ပေမယ့် သတိထားမိသည်....။