အပိုင်း(၁၆)

3.3K 291 50
                                    


**စေ့စပ်ပြီးကြောင်းကြေညာခြင်း...**

"ဒါကဘာလဲ ဒယ်ဒီ...''

တစ်ခုခုတော့လွဲနေခဲ့သည်...။
ဒေါသတကြီး(သို့မဟုတ်)တင်းမာစွာတုန့်ပြန်လိမ့်မည်ဟုမျှော်လင့်ထားသော်လည်း
မော့ကြည့်လာသောဒယ်ဒီ့မျက်ဝန်းတွေမှာ
သနားညှာတာခြင်းနှင့်အားနာနေခြင်းတွေသာ ပြည့်နေခဲ့သည်...။

"...''

"ဒယ်ဒီ...''

"YiFan... သား..ကျေးဇူးပြုပီး...''

မိဘတစ်ယောက်ကထိုမျှထိ တောင်းပန်ခယနေရတာမျိုး မဖြစ်သင့်ဘူးဆိုတာ
သိပေမယ့်...။

"သားရယ်... ဟန်ဆောင်ပြီးတော့ဖြစ်ဖြစ်
Jiyeon ကိုလက်ထပ်လိုက်ပါ....
အချိန်တန်ရင် ကွာရှင်းပြီးတော့ဖြစ်ဖြစ်
သားချစ်တဲ့သူဆီကို သွားလို့ရတာပဲ...''

"ဒယ်ဒီ... ရူးသွားတာလား..
စကားကိုဘယ်လိုပြောလိုက်တာလဲ...
ဒီလိုမျိုးလက်လွတ်စပါယ်...''

ကုလားထိုင်နောက်မှီပေါ်ခေါင်းလှန်ချကာ
မျက်လုံးတွေမှိတ်ထားသော ဒယ်ဒီ့မျက်နှာမှာ
အလွန်အမင်းပျက်ယွင်းနေခဲ့သည်....။

"ဒယ်ဒီတောင်းပန်ပါတယ်သားရယ်..
သားဆီက ဒယ်ဒီတောင်းဆိုဖူးတာ
ပထမဆုံးအကြိမ်နဲ့ နောက်ဆုံးအကြိမ်အဖြစ်ဒါကိုလိုက်လျောပေးပါ...''

"ဒယ်ဒီ...!!...''

လည်ချောင်းကွဲမတတ်အော်ဟစ်ရုံကလွဲပြီး
ကျွန်တော်ဘာမှ မတတ်နိုင်ခဲ့ပါ...။

"ဟား.....''

မည်သူမျှမသိလိုက်ပဲ ဒီလောကကြီးထဲမှ
ပျောက်ကွယ်သွားချင်သည်...။

ဒီသတင်းကို သူသိပြီးဖြစ်မည်...။

သူကိုယ်တိုင်မတွေ့ရင်တောင်
တစ်ယောက်ယောက်က သူ့ကိုမပြသပဲ
နေလိမ့်မည်မဟုတ်ပါ....။

ဒါကိုတောင်ကျွန်တော့်ဆီဖုန်းခေါ်ကာ
မေးမြန်းတာမျိုးမရှိခဲ့....။
သူ့ဘက်ကသွေးအေးတိတ်ဆိတ်လွန်းနေသည်....။

"ဟား...''

ကြားဖူးသော ဆိုးရိုးစကားတစ်ခုရှိသည်..။
"ဘာလုပ်ရမှန်းမသိလျှင်ဘာမှမလုပ်ပါနှင့်''
ဟူ၍.. ယခုကျွန်တော်တကယ်ဘာလုပ်ရမှန်းမသိသည်မို့ ဧည့်ခန်းမှာသာ
စိတ်ပျက်လက်ပျက်ထိုင်နေမိသည်...။

ချစ်ရပါသော... ချစ်ရပါသော...Onde histórias criam vida. Descubra agora