Ep - 5

558 64 20
                                    

တည်းခိုခန်းတစ်ခုအတွင်းက အခန်းတစ်ခုတွင် မောင်နှမနှစ်ယောက် ကိစ္စတစ်ခုကို အသည်းသန်တိုင်ပင်နေလေရဲ့

''Noona အခြေနေဘယ်လိုရှိလဲ''

''အခုထိတော့စုံစမ်းစဲပဲ ဒါပေမယ့် noona နန်းတွင်းထဲဝင်မှရမယ် အဲ့ဒါမှအခြေနေအတိကျသိရမှာ''

''ဒါပေမယ့် noona''

''တော်တော့ Chanyeol မင်း အာဏာရဖို့ကို ငါ့အသက်စတေးရလဲ စတေးရဲတယ် မယ်တော်ကိုပေးခဲ့တဲ့ ကတိကြောင့် မင်းကိုစောင့်ရှောက်ရမယ်''

''ကျွန်တော်ဒီအလုပ်ကို ဆက်မလုပ်ချင်ဘူး ကျွန်တော်တို့ကိုယ့်နိုင်ငံမှာလည်း အေးဆေးနေလို့ရတာပဲလေ ကျွန်တော်အမှန်တကယ်လိုအပ်နေတာ မေတ္တာ Noona ဆီက မေတ္တာ စည်းစိမ်တွေမလိုဘူး အေးချမ်းတဲ့ဘဝမှာပဲ ကျွန်တော်တို့ မောင်နှမနှစ်ယောက် အေးဆေးနေကြမယ်လေ''

''မရဘူး Chanyeol မင်းကို လူတကာက ဦးညွတ်နေရမယ် တချိန်ကျရင် ငါတို့သြဇာအာဏာကြီးမားလာရမယ် မင်းငါ့ကိုတကယ်ချစ်တယ်ဆိုရင် မယ်တော်ရဲ့ နောက်ဆုံးဆန္ဒကို ဖြည့်စည်းလိုက်ကြရအောင်ပါ နော်မောင်လေး''

ပြတ်သားလှတဲ့ Tao ဆိုတဲ့ အမတစ်ယောက်ရဲ့စကားကို Chanyeol လည်း မလွန်ဆန်နိုင်တာကြောင့် ခေါင်းညိမ့်ပီးသာလက်ခံလိုက်ရတယ်

''Nae ''

ဥယျာဉ်တော်ထဲတွင် ချစ်စရာတိရစ္ဆာန်အကောင်လေးများနဲ့ ပျော်ရွှင်နေသော မင်းသမီးလေးတစ်ပါး အခြွေရံတော်များရဲ့ မျက်နှာမှာလည်း အပြုံးပန်းများစွာ ပွင့်လန်းလျက် ထိုမင်းသမီးလေးက ပျော်ပျော်နေတတ်သလို သူ့ဘေးမှာရှိတဲ့သူမှန်သမျှကိုလည်း ပျော်အောင်လုပ်ပေးနိုင်စွမ်းရှိလေတော့

''မင်းသမီးလေး ကျွန်တော်မျိုးဆီမှာ မင်းကြီးရဲ့ အမိန့်တော်ပါပါတယ်''

ရဲမတ်တစ်ဦးရဲ့ဒူးထောက်ခစား အရိုသေပေးမှုနဲ့အတူ ပြောကြားလိုက်တဲ့စကားကြောင့် ထိုမင်းသမီးလေးရဲ့ မျက်နှာကချက်ချင်းဆိုသလို တည်ကြည်သွားလေရဲ့

pov: ''အမိန့်တော်တဲ့လား ဟွန့်''

''အခုချက်ချင်း မင်းကြီးရဲ့နားနေဆောင်ကို ကြွမြန်းဖို့အမိန့်ပေးလိုက်ပါတယ်''

Royal Family Where stories live. Discover now