Ep - 10

582 50 7
                                    

လူသားတိုင်းအိပ်စက်အနားယူရာ ညအချိန်အခါဖြစ်ပေမယ့် မင်းကြီးစာဖတ်ခန်းမှာရှိနေတဲ့ သူမ မှာတော့အမတ်တွေအသီးသီးမှလျှောက်တင်ထားတဲ့ စာတွေကိုဖတ်ရင်း မအိပ်နိုင်သေး

''Baekki မအိပ်သေးဘူးလား ညဉ့်နက်နေပီလေ''

''ငါဘယ်လိုလုပ် အိပ်နိုင်မှာလဲ xiu ရယ် အမတ်တွေတင်ပြထားတဲ့ နိုင်ငံတွင်းက ပြသနာတွေဖြေရှင်းဖို့ နည်းလမ်းစဉ်းစားနေတာ''

''မနက်ဖြန်မှ Hun တို့နဲ့တိုင်ပင်ပီး အဖြေရှာလည်းရတာပဲလေ ငါနင့်ကိုကြည့်ရတာ ပင်ပန်းလိုက်တာ နင့်မျက်နှာမှာ အရယ်အပြုံးဆိုတာ အခုနောက်ပိုင်းမတွေ့ရတော့ဘူး ဒါတောင်နင်နန်းတက်ပွဲမလုပ်ရသေးဘူး''

''နန်းတက်ပွဲတော့ငါလုပ်မှာမဟုတ်ဘူး xiu ဒီထီးနန်းနေရာကငါ့အကိုတော်နေရာပဲ သူကလက်တလောပျောက်နေပေမယ့် သူပြန်လာမယ်ဆိုတာငါယုံတယ်''

''ငါလည်းအကိုတော်ကို ဘာမှမဖြစ်စေချင်ပါဘူး Baekki ရယ် အခုငါပြောနေတာက .... ''

''နင်ငါ့အတွက်ပြောနေတယ်ဆိုတာ ငါနားလည်ပါတယ် ငါ့အကိုတော်ကိုယ်စား ငါခဏထိန်းသိမ်းပေးထားတယ်လို့ပဲ မှတ်ယူထားတယ် xiu ရယ် ''

''အင်းပါ နင်အလုပ်လုပ်တာလည်းလုပ်ပေါ့ ကျန်းမာရေးလည်းဂရုစိုက်ဦး မနက်ဖြန် ညီလာခံရှိတယ်မှတ်လား ခဏလောက်နေရင် နားလိုက်တော့နော် ငါအဆောင်ပြန်နှင့်မယ်''

Xiu တစ်ယောက်အဆောင်ပြန်သွားပေမယ့် သူမကတော့ ညဥ့်နက်ထိအလုပ်လုပ်နေမြဲ ပတ်ဝန်းကျင်တစ်ခုလုံးဟာ တိတ်ဆိတ်နေတာကြောင့်စာရွက်လှန်သောအသံသာ နေရာယူထားလျက် ဒါပေမယ့် ရုတ်တရက်ဆိုသလို ခြေသံရှပ်ပြေးသွားသံ တစ်ခုကြားလိုက်တာကြောင့် သတိရှိတဲ့ Baek လည်း သူ့ဘေးမှာအသင့်ဆောင်ထားတဲ့ ကျောက်စည်ဓားကိုကိုင်ကာ

''ဘယ်သူလဲ ဘယ်သူလဲလို့မေးနေတယ်လေ''

ခြေသံဟာခေတ္တမျှတိတ်ဆိတ်သွားပေမယ့် ခဏအကြာမှာတော့ တစ်သံထက်ပိုတဲ့ ခြေသံတွေကြားရတာကြောင့် လုပ်ကြံသူတွေရောက်လာမှန်း Baek တစ်ယောက်သိသွားလေရဲ့

''ယောက်ျားမပီသလိုက်တာ တိုက်ခိုက်မှာကို ပုန်းရှိုးကွယ်ရှိုးနဲ့ သတ္တိရှိရင်အခုထွက်ခဲ့လိုက်''

You've reached the end of published parts.

⏰ Last updated: Oct 08, 2017 ⏰

Add this story to your Library to get notified about new parts!

Royal Family Where stories live. Discover now