အပင်ပေါ်ကခုန်ဆင်းကာ ရှေ့ရောက်လာတဲ့ တစ်ယောက်ကိုကြည့်ရင်း
''ဒီကိစ္စ လျှို့ဝှက်ထားပေးပါ''
''ဒီလိုတော့ ဘယ်ရမလဲ အပေးရှိရင် အယူရှိတယ်''
''ခင်ဗျား မညစ်ပတ်နဲ့ သူများစကားပြောတာလဲ ခိုးနားထောင်သေးတယ်''
''ငါက ခိုးနားထောင်တာ ဟားဟား ဝါသနာကိုမပါတာ အစထဲက ငါ့ဘာသာသစ်ပင်ပေါ်အိပ်နေတာ ဒီနားလာပီးစကားပြောတာ ဘယ်သူတွေလဲ ဒါနဲ့ မင်းက မိန်းကလေးလား လုံးဝမထင်ထားဘူး''
Baek ကို လှည့်ပတ်ကြည့်ရင်း ပြုံးစိစိလုပ်နေတဲ့ သူ့ကြောင့် အနေခက်လာတာနဲ့
''တော်ပီ ဆက်မပြောနဲ့တော့ ခင်ဗျားဘာလိုချင်လဲ''
''ငါလိုချင်တာက ..... ''
''ခင်ဗျားနော် ကျွန်တော့်ကို မိန်းကလေးဆိုပီး အဲ့လိုမကြည့်နဲ့ မကြိုက်ဘူး'
''ကောင်းပီလေ ငါ့ကို မင်းရိုရိုသေသေ ဆက်ဆံရမယ် ပီးတော့အကိုလို့ခေါ်ရမယ်''
''ခင်ဗျားနဲ့ကျွန်တော် အသက်မှသိပ်မကွာတာ မခေါ်နိုင်ပါဘူး''
''ဟားဟား ရတယ်လေ ဒါဆိုလည်း မင်းမိန်းကလေးဖြစ်ကြောင်းကို သွားပြောလိုက်ရုံပေါ့''
တကယ်လုပ်မယ့်ပုံနဲ့ ရှေ့ကထွက်သွားတဲ့သူ့ကြောင့် Baek လည်း စိုးရိမ်သွားကာ
''Kim Jongin shi''
''ဘာပြောစရာရှိလို့လဲ ကောင် မ လေး ''
Jongin'pov : ဟားဟား သူက စလို့ကောင်းသားပဲ ပျော်စရာကောင်းတယ်
နောက်ပြန်လှည့်ကြည့်ကာ စကားကို တစ်လုံးချင်းစီပြောနေတဲ့ Jongin ကို Baek လည်း စူစူပုတ်ပုတ်နဲ့ကြည့်လိုက်ပီး
''သဘောတူတယ်''
''ဘာကို သဘောတူတာလဲ''
စကားကိုတမင်ညစ်ပီး မသိချင်ယောင် ဆောင်ကာပြောနေတဲ့ Jongin ကြောင့် သူ့မှာသက်ပြင်းတစ်ချက်ချကာ
''ခင်ဗျားပြောတာသဘောတူတယ်''
''ကောင်းပီလေ ဒါဆို ငါ့ကို အကိုလို့ခေါ်ကြည့်''
''ကျွန်တော့်မှာ တောင်းဆိုစရာရှိတယ် အကို လို့တော့မခေါ်နိုင်ဘူး အကိုလတ်ဆိုရင်ရော''

YOU ARE READING
Royal Family
Fanfictionစစ်ရေးစစ်ရာဆိုသည်ကား ပရိယာယ်လှည့်စားမှုအပေါ်အခြေတည်သည် ဒါဆို အချစ်ဆိုတာကရော ......