ဝူမြို့တော်ရဲ့ ဈေးတန်းအတွင်း စားသောက်ဆိုင်တစ်ခုမှာပေါ့ ကောင်လေးတစ်ယောက်တည်း အစားတွေတစ်ခုပီးတစ်ခုမှာစားနေလေရဲ့
''ညီငယ် တစ်ယောက်တည်းလား အကိုဒီမှာထိုင်လို့ရမလား''
အသံလာရာကိုမော့ကြည့်လိုက်တော့ ထိုကောင်လေးမှာစိုးရိမ်မှုတွေဖြစ်သွားလေတယ် ဒီမျက်နှာကို သူဘယ်မေ့လို့ရမလဲ ပစ္စည်းတစ်ခုကြောင့်မှတ်မိနေတာလေ
''အကိုအေးဆေးပြောမယ် ဟိုနေ့က ယူသွားတဲ့ပစ္စည်း ပြန်လိုချင်တယ်''
ထိုကောင်လေးလည်း ဘာလုပ်လို့လုပ်ရမှန်းမသိ ဒါကြောင့် စားပွဲမှအမြန်ထကာသွားမလို့ပြင်လိုက်တယ်
ဒါပေမယ့် သူ့ပခုံးပေါ်ကျလာတဲ့ ဓားတစ်ချောင်းကြောင့် သူ့မှာပြန်ထိုင်လိုက်ရတယ်''မင်းဘက်ကအေးဆေးထုတ်ပေးရင် မင်းကို လွတ်လပ်ခွင့်ပေးမယ်''
''အကို လူမှားနေပီ ကျွန်တော် အကို့ကိုမသိဘူး''
ထိုကောင်လေးမှာ အကြောက်လန့်ငြင်းနေလေရဲ့ ထိုကောင်လေးသည်ကား Baekhyun
''ငါမင်းကိုပြောပီးသားပဲ ငါ့နာမည် Jongin ဆိုတာ ပီးတော့မင်းတို့ငါ့ကိုမေ့ဆေးပေးပီး ဆံထိုးယူသွားတယ် မင်းယူသွားတဲ့ ပစ္စည်းက ငါ့အတွက်အရေးကြီးလို့ အေးဆေးတောင်းနေတာ''
''ကျွန်လည်းအေးဆေးပြောနေတာပဲ ကျွန်တော့်ဆီမှာမရှိပါဘူးဆို''
Baekhyun ထသွားမယ်ကြံပြန်တော့ ဝိုင်းလာတဲ့လူငါးယောက်ကြောင့် ငြိမ်လိုက်ရပြန်တယ်
''ထွက်ပြေးမယ်တော့မကြံနဲ့နော် ငါ့ဓားချက်အောက်မှာ မင်းအသက်ပျောက်သွားမယ် မင်းဘယ်လိုမှမလွတ်နိုင်ဘူး''
Baek တစ်ယောက်ကြံရာမရဖြစ်နေမိတယ် ဒါပေမယ့် Baekhyun ပဲလေ အကြံဆိုတာ အလွယ်ဆုံးအလုပ်ပဲ အချိန်ခနပဲပေးဖို့လိုတယ် ကြံလိုက်ရင်မအောင်မြင်တာမရှိဘူး
''ကယ်ကြပါဦး မနက်ခင်းပိုင်းကို ဓားပြတိုက်နေပါတယ်ဗျို့ ကျွန်တော့်ကို ချိန်းခြောက်ပီး ပစ္စည်းလုနေပါတယ် ကယ်ကြပါဦး''
အသံကိုအဆုံးထိ အော်လိုက်တော့ သူတို့စားပွဲနဲ့မနီးမဝေးမှာစားသောက်နေတဲ့ လူတွေလည်း ထွက်ပြေးတဲ့လူကထွက်ပြေးနဲ့ ဆိုင်အတွင်းမှာ လှုပ်လှုပ်ရှားရှားဖြစ်သွားတယ်
ဘယ်ကမှန်းမသိတဲ့ လူတစ်ယောက်ကလည်း Jongin တို့အဖွဲ့ကို ကျွမ်းကျင်စွာပဲဝင်တိုက်ခိုက်ပီးBaek ကို ကယ်သွားလေရဲ့

YOU ARE READING
Royal Family
Fanfictionစစ်ရေးစစ်ရာဆိုသည်ကား ပရိယာယ်လှည့်စားမှုအပေါ်အခြေတည်သည် ဒါဆို အချစ်ဆိုတာကရော ......