Ep - 3

525 65 18
                                    

နန်းတော်အတွင်းရာသီဥတု မကောင်းလှ မင်းကြီးရဲ့အမြတ်တော်စူးရှမှုကြောင့် အထိန်းတော်ရော ရဲမတ်တွေပါမကျန် ကြောက်ဒူးတုန်နေရလေတယ်

''မင်းကြီး ကျွန်တော်မျိုး အထိန်းသိမ်းမကောင်းလို့ ဖြစ်ရတာပါ ကျွန်တော်မျိုးကိုပဲ အပြစ်ပေးပါ''

အထိန်းတော်ကြီးရဲ့ဒူးထောက်တောင်းပန်မှုကို လျစ်လျူရှုပီး နန်းတော်ဆောင်အတွင်းမှ ထွက်လာကာ ဥယာဉ်တော်ဆီကို ဦးတည်လိုက်လေတယ်

''ကျွန်တော်မျိုး မင်းကြီးထံ အခစားဝင်ပါတယ်''

Yifanရှေ့မှောက်ဒူးထောက်အရိုသေပေးနေသော သူနဲ့အသက်ရွယ်တူ Minho ကို ဥယျာဉ်တော်အတွင်းရှိ Yifan ထိုင်နေသော စားပွဲရှေ့မှာ ထိုင်စေလိုက်တယ်

''မောင်မင်းကိုခေါ်တွေ့ရတဲ့အကြောင်းက မင်းသမီးကြောင့်ပဲ''

''မင်းသမီးလေး ဘာအပြစ်များပြုမိပါသလဲ မင်းကြီး ကျွန်တော်မျိုးအသင်အပြ ညံ့ဖျင်းမှုကြောင့် ခွင့်လွှတ်ပေးတော်မူပါ''

''ဟားဟား မောင်မင်းတို့အားလုံး မင်းသမီးလေးနဲ့ပတ်သတ်ရင် အကုန်အပြစ်ခံချင်နေကြတာပဲ''

''ခွင့်လွှတ်ပါမင်းကြီး''

''မောင်မင်းတို့အပြစ်မဟုတ်ပါဘူး ကိုယ်တော့်အပြစ်လည်းပါပါတယ် ငယ်ငယ်လေးထဲက မိခင်မေတ္တာငတ်ခဲ့တဲ့ မင်းသမီးလေးကို ကိုယ်တော်အလိုလိုက်ခဲ့မိလို့ အခုလိုထိန်းမရဖြစ်နေတာ''

''မင်းသမီးလေးက သေချာနားလည်အောင်ပြောရင် စကားနားထောင်ပီးလိမ္မာပါတယ် မင်းကြီး ကျွန်တော်မျိုးတပည့်ဖြစ်လို့ပြောတာမဟုတ်ပါဘူး အရာရာမှာထူးချွန်ပီး ပြသနာတိုင်းကို ဖြေရှင်းနိုင်စွမ်းလည်းရှိပါတယ် ပီးတော့ သိုင်းပညာမှာလည်းပါရမီပါတယ်''

''နေရာတိုင်းမှာထူးချွန်ပီး လုပ်ချင်တာလုပ်နေလို့ ကိုယ်တော်စိတ်ဆိုးတာ အခုလည်းနန်းတော်မှာမရှိပြန်ဘူး ဘယ်အချိန်ကဘယ်လိုထွက်သွားမှန်းမသိဘူး မင်းသမီးက ကိုယ်တော့ဘဝအတွက် ဘယ်လောက်အရေးကြီးမှန်း မောင်မင်းလည်းသိမှာပါ မတော်လို့ တစ်ယောက်ယောက်လုပ်ကြံမှု ပြုခဲ့ရင် ကိုယ်တော်ပဲ ရင်ကျိုးရမှာ''

Royal Family Where stories live. Discover now