Ep - 9

534 57 9
                                    

အေးချမ်းသာယာလျှက်ရှိသော ညနေခင်းအချိန်လေးဖြစ်တာကြောင့် Baek တစ်ယောက် သစ်ပင်ကြီးအောက်တွင် အေးဆေးစွာမှီပီးထိုင်နေလေရဲ့

''Baekki Baekki''

ထူးထူးဆန်းဆန်းသူ့နာမည်အရင်းကို အော်ခေါ်လျှက် သူ့ဆီပြေးလာတဲ့ xiu ကြောင့် သူ့မှာသစ်ပင်ကိုမှီလျှက်အနေထားမှ ထထိုင်လိုက်ရင်း

''Xiu သတိထားဦး ဒါနန်းတော်အတွင်းမဟုတ်ဘူး''

ဘေးပတ်ဝန်းကျင်ကိုတစ်ချက် အကဲခတ်ပီးအော်ပြောလိုက်ပေမယ့် သူ့စကားကို xiu တစ်ယောက် သတ္တိမပြုမိ အသက်ကိုဝအောင်ရှူလျှက် မောနေတာကို မျက်ကွယ်ပြုရင်း

''Baekki သတင်းဆိုးရှိတယ်''

''xiu ငါပြောနေတယ်လေ ဘာလို့ဒီနာမည်ခေါ်နေတာလဲ''

''Baekki ငါပြောတာသေချာနားထောင် အခုနန်းတော်ပြန်မှဖြစ်မယ် လက်ယာအမတ်ကြီးရောက်နေတယ်အခု''

''အမတ်ကြီး Yixing လား သူကဘာလို့''

''နင် စိတ်ခိုင်ခိုင်ထားနော် အကိုတော် လုပ်ကြံခံရလို့တဲ့ နန်းတော်ပုလ္လင်အတွက် စိုးရိမ်ရတဲ့အခြေနေဖြစ်နေပီ နင့်ကို အမတ်ကြီးစောင့်နေတယ်''

xiu ဆီက သတင်းကြားကြားချင်း Baek လည်း ရွာထဲကို မြန်နိုင်သလောက်အမြန်ပြေးသွားလေရဲ့ xiu လည်းအနောက်ကနေပြေးလိုက်သွားတယ် ရွာထဲရောက်တော့ sehun တို့လည်းအမတ်ကြီးနဲ့အတူရှိနေပီး အားလုံးမှာမျက်နှာမကောင်းကြ

''မင်းသမီးလေး''

Yixing မှာ Baek ကို အရိုသေပေးပီးနှုတ်ဆက်လိုက်တယ်

''အမတ်ကြီး အကိုတော် အကိုတော် ဘာဖြစ်သွားသေးလဲဟင်''

အမြဲပျော်ပျော်နေတတ်တဲ့ Baek မျက်နှာမှာ မျက်ရည်တွေပြည့်နေတော့ ကျန်တဲ့လူတွေလည်း စိတ်မကောင်းကြ

''ကျွန်တော်မျိုးလည်း အခြေနေတွေ သေချာရှင်းပြလို့မရသေးပါဘူး မင်းသမီးလေး မင်းကြီးရဲ့နားနေဆောင်မှာ သွေးကွက်တွေကလွဲလို့
မင်းကြီးကိုလည်းရှာမတွေ့ပါဘူး မင်းကြီးပျောက်နေတာကြောင့် ဘာမှဆုံးဖြတ်မရသေးပါဘူး ဒါကိုအခွင့်ကောင်းယူပီး ဦးရီးတော်က မင်းကြီးပုလ္လင်ကို ခဏထိန်းသိမ်းမယ်ဆိုပီး နန်းတော်အတွင်းမှာရောက်ရှိနေပါတယ် မင်းသမီးလေးနန်းတော်လိုက်ခဲ့မှရပါမယ်''

Royal Family Where stories live. Discover now