Ep - 7

471 60 8
                                    

လမင်းကြီးကထိန်ထိန်သာလျှက် အေးချမ်းမှုဆောင်သောအလင်းရောင်များ ဖြန့်ဝေပေးနေပေမယ့် ခိုနားရာဆိုတဲ့ရွာလေးမှာတော့ အေးချမ်းမှုမရှိတော့ တဲများမှာလည်း မီးများစွဲလျှက် ဓားသံများနှင့်အော်ဟစ်သံများ ဆူညံလျှက်ရှိတယ်

''Baek''

ပြေးလာတဲ့ Baek ကိုတွေ့ပီး တိုက်ခိုက်ရင်းပင် Xiu တစ်ယောက် နာမည်ကို လှမ်းခေါ်လိုက်လေရဲ့ Baek လည်း Xiu ရှေ့က ရဲမက်တွေကိုတိုက်ခိုက်လိုက်ရင်း

''Xiumin သူတို့က ဦးရီးတော်ဘက်က ရဲမက်တွေ''

''ဟုတ်တယ် Baek အခွန်ကိစ္စ ပြီးတော့ ဟိုမှာကြည့်လိုက်''

Xiu လှမ်းပြတဲ့နေရာကို ကြည့်လိုက်တော့ သူ့အကိုတော်ဖြစ်သူ ဦးရီးတော်ရဲ့သား Youn Jae

''Baekhyun ငါတို့ဘက်က ဒဏ်ရာရတဲ့လူများနေတယ် သူတို့ဘက်က လက်နက်တွေနဲ့ ပီးတော့ ဦးရီးတော်ရဲ့သားပါ ပါနေတယ် ''

Baek လည်းသူ့အကိုတော်ကို လှမ်းကြည့်နေရာမှ နောက်ကရောက်လာတဲ့ Sehun ရဲ့ စကားကြောင့်

''ဘာမှမဖြစ်ဘူး hun ဘာပဲဖြစ်လာလာ ငါအားလုံးကိုရင်ဆိုင်မယ် အဓိကက ငါတို့ရွာလေး ဒီထက်ပိုပီး မပျက်ဆီးဖို့ပဲ''

Sehun လည်း ခေါင်းညိမ့်လိုက်ပီး သူ့မှာရှိသမျှ အစွမ်းအစနဲ့ ရန်သူတွေကို နောက်တစ်ကြိမ်စတင်ပီးတိုက်ခိုက်တယ် Sehun ရဲ့ဓားချက်အောက်မှာ ရန်သူတွေလည်း အထိများလာတယ်
Baek လည်းရှေ့ကိုသာ အာရုံထားပီး တိုက်ခိုက်နေပေမယ့် ဒီတစ်ကြိမ်လည်း နောက်ကတိုးဝင်လာတဲ့ ဓားကို သတိမပြုမိ

''Baekhyun သတိထား''

ဒီတစ်ခါကယ်လိုက်တဲ့လူက Jongin ပါ Baekလည်းသူ့နောက်ကျောကိုတွန်းလိုက်တဲ့ လူကိုလှည့်ကြည့်လိုက်ပီး

''ခင်ဗျား''

''အခုချိန်မှာဘာမှမပြောနဲ့ တိုက်ပွဲပဲနိုင်အောင်တိုက် နောက်မှ မင်းနဲ့ကိစ္စဆက်ရှင်းမယ်''

Jongin လည်းသူ့လူတွေကို အချက်ပြပီး ရန်သူတွေကို တိုက်ခိုက်တယ် အချိန် ခဏအကြာမှာ Chanyeol ပါရောက်လာပီး တိုက်ခိုက်တော့ Baek တို့ဘက်က အားသာသွားတာပေါ့ အင်အားမမျှတတဲ့ တိုက်ပွဲဖြစ်သွားတာကြောင့် Youn Jae လည်း သူ့လူတွေကိုနောက်ပြန်ဆုတ်ဖို့ အချက်ပြပီး ပြန်ထွက်သွားကြတယ် ရွာလေးလည်း မီးလောင်လို့ ရစရာမရှိ ရွာသားတွေလည်း ဒဏ်ရာများစွာနဲ့ငိုနေကြတယ်

Royal Family Where stories live. Discover now