အုံ့ဆိုင်းနေသော ခိုနားရာရွာနှင့် မလှမ်းမကမ်းရှိသစ်ပင်ကြီး၏အောက်တွင် လဲလျောင်းနေသော ကောင်လေးနှစ်ယောက်နှင့်သစ်ပင်ပေါ်တွင် ခြေချထိုင်နေသောကောင်လေးနှစ်ယောက် ကိုယ်စီအတွေးများနဲ့တိတ်ဆိတ်မှုတွေလွှမ်းခြုံလျက်ရှိ၏
''ငါတို့ ဦးရီးတော်အိမ်ကို ဝင်ခိုးရအောင်''
Baek ရဲ့စကားတစ်ခွန်းကြောင့် အတွေးကောင်းနေတဲ့ကျန်သုံးယောက်မှာ ပြာပြာသလဲဖြစ်သွားရပီး
''ဘယ်လို Baekyun မင်းဘာပြောလိုက်တယ်''
Hun တစ်ယောက် သစ်ပင်ပေါ်မှ အောက်ကိုခုန်ဆင်းလိုက်ပီး Baek ရဲ့ဘေးဝင်ထိုင်ကာမေးလိုက်လေတယ်
''ဦးရီးတော်အိမ်ကို ဝင်ခိုးရအောင်ပါဆို ငါ့အကြံဘယ်လိုလဲ Hun''
''ငါတို့အခုလို မကောင်းတဲ့လူတွေဆီက လိမ်ပီးပိုက်ဆံယူနေတာက ထားပါတော့ အခုဦးရီးတော်ဆီကဆိုတော့''
''ဦးရီးတော်ကရောကောင်းလို့လား Hun ပြည်သူတွေဆီက အခွန်တွေမတရားကောက်ပီး ကြီးပွားနေတာလေ''
''အဲ့ဒါက မင်းကြီးဖြေရှင်းရမယ့် ကိစ္စလေ Baekhyun ရဲ့ မတော်လို့ငါတို့မိသွားခဲ့ရင်''
''ပြည်သူတွေဆီက မတရားယူထားတဲ့ ပိုက်ဆံတွေကို ငါတို့ကလုပီး ဆင်းရဲသားတွေပြန်ဝေမှာ ဘာမကောင်းတာရှိလို့လဲ ငါတို့အစွမ်းကို မယုံလို့လား ငါကြံရင်ဖြစ်ပါတယ် Hun ရ''
''Baekyun မင်းကပြောမရပါလား''
Baek ကိုပြောမရတဲ့အဆုံး Sehun လည်း သစ်ပင်ပေါ်မှာ ခုထိအေးဆေးထိုင်နေတဲ့ Chen ကိုအားကိုတကြီးကြည့်ပီး မေးလိုက်တယ်
''Chen မင်းကရော ဒီအစီစဉ်ကို ဘယ်လိုသဘောရလဲ''
''Baekhyun ကြံရင် မအောင်မြင်တာဘာရှိလို့လဲ အဲ့ကောင်ဥာဏ်က မိန်းမလိုပဲ အရမ်းအကြံဥာဏ်ထွက်တယ်''
''Chen မင်းကသဘောတူတယ်ပေါ့ Xiumin မင်းကရော''
''ငါက Baekhyun သဘောပဲ''
''ဟူး ဒါဆိုငါပဲ လိုက်လျောရမှာပေါ့''
Baek လည်းဘေးမှာရှိတဲ့ Hun ပခုံးကိုလှမ်းဖက်လိုက်ရင်း ကျေနပ်သွားတဲ့ အပြုံးကိုချိတ်ဆွဲကာ

YOU ARE READING
Royal Family
Fanfictionစစ်ရေးစစ်ရာဆိုသည်ကား ပရိယာယ်လှည့်စားမှုအပေါ်အခြေတည်သည် ဒါဆို အချစ်ဆိုတာကရော ......