Episode - 1

18.6K 610 23
                                    

Zawgyi Version

"သား ဟိုကောင်နိုင်သူ နဲ့လုံးဝ မနေနိုင်ဘူး မေမေ"

ထက်ပိုင်ခန့် စိတ်ပျက်စွာဖြင့် မေမေ့ကို ဖွင့်ပြောမိသည်။

"သားကလဲ ဒီတစ်နှစ်ပဲကို သည်းခံလိုက်ပါကွယ်"

"ဟင့်အင်း မရဘူး သားလုံးဝသည်းမခံနိုင်တော့ဘူး သူသိပ်လွန်လွန်းနေပြီ မေမေ သားသည်းခံနိုင်စွမ်းရည်တွေကုန်သွားပြီ"

တစ်ဦးတည်းသောသားဖြစ်သောကြောင့် ကလေးတစ်ယောက်ကဲ့သို့ ဘ၀အကြောင်းကို ဘာမှမသိသေးသည့် သားဖြစ်သူကို ကြည့်ရင်း ဒေါ်မိုးသူဇာ သက်ပြင်းချမိသည် ။

"မရဘူး သား.. သားသည်းခံပေးရမယ် သူကသားကို ဘာလုပ်နေလို့လဲ"

"သူလား.. ဟက်"

နာကျည်းမှု ရယ်သံတစ်ချို့က ထက်ပိုင်ခန့် နှုတ်ခမ်းထက်မှာ နေရာယူလာသည် ။

"သူစာမရရင် သားကိုပဲလိုက်မေးနေတာ
သားရှင်းပြရင်လည်း ငါသိပြီးသားပါ မင်းကိုမေးကြည့်တာနဲ့ပြောတာ.. သိပြီးသားဆို မေးမနေပါနဲ့လား သားက အချိန်ကုန်ခံပြီး သေချာရှင်းပြထားရတာကို သူကအဲ့လိုပြောတော့ စောက်သည်းပေါက်တယ်ဗျာ"

"သားကလဲကွယ်.. ဒါလေးများ "

"ကျန်သေးတယ် မေမေ.. သူကပုံဆွဲနည်းတွေမသိရင်လဲ သားကိုလာလာမေးတာ သားက ဆွဲပုံဆွဲနည်းပြောပြလိုက်ရင်လဲ
အော်.. ဒီလိုဆွဲရတာကိုး.. လွယ်လွယ်လေးပဲနဲ့ပြောတာ.. လွယ်တယ်ထင်ရင် ကိုယ့်ဘာသာ ဆွဲလေ ဘာလို့သားကို လာမေးနေရတာလဲ"

"အင်း.. ဒါတော့ဟုတ်တယ်.. အဲ့တော့ သားက ဘာလုပ်ချင်တာလဲ"

"သူနဲ့မနေချင်ဘူး မေမေ "

"မဖြစ်နိုင်ဘူးလေ သား .. ဒီနှစ်တစ်နှစ်လုံး သူက မေမေတို့အိမ်မှာ နေဖို့ သူ့မိဘတွေက အပ်သွားတယ်လေကွယ်.. မေမေတို့လူကြီးတွေ မျက်နှာပျက်ရမှာပေါ့"

"ဟင့်အင်း.. သားအဲ့ဒါတွေ မသိဘူးဗျာ သားသိတာ သူနဲ့မနေချင်ဘူး သားသူ့ကိုမုန်းတယ် သိပ်မုန်းတယ် မေမေက သားအလိုလည်း လိုက်မပေးဘူး သူ့ဘက်ကပါတယ် သားအရမ်းဝမ်းနည်းတာပဲ အီးဟီးဟီး"

ကျေးဇူးပြု၍ [ ကျေးဇူးပြု၍ ]Where stories live. Discover now