Episode - 2

5.8K 391 3
                                    

Zawgyi Version

အချိန်က မနက်၈နာရီခန့်ပင် ။

အခုချိန်ထိ ပိုင်ခန့် အိပ်ရာမှ မထသေးပါ ။

ဒီနေ့ ဆရာမက အိမ်စာတွေ စစ်မည်ပြောသည် ။

နိုင်သူ အခုထိ အိမ်စာကို တစ်စက်မှ မလုပ်ရသေး .. ဆယ်တန်းသင်္ချာ Chapter-5သည် နိုင်သူအတွက်တော့ ခက်ခဲနေမိသည် ။ ဒါကလဲသိပ်တော့မထူးဆန်းပါ နိုင်သူသည် ၀ီရိယသာရှိ၍ ဥာဏ်မှာအကောင်းကြီးမဟုတ် ။

ပိုင်ခန့်မှာတော့ ထိုသို့မဟုတ်ချေ ။

တစ်ခါတစ်ရံ၌ ပိုင်ခန့်သည် ည၉နာရီခန့်တွင် အိပ်တတ်ပြီး မနက်၈ခွဲလောက်မှ ထတတ်သည် ။

ဆယ်တန်းဖြစ်သော်လည်း ကြိုးစားမှုမရှိ သို့သော် ဥာဏ်ကောင်းသဖြင့် စာကိုခဏလေးနှင့် မှတ်မိလွယ်ပြီး သင်္ချာလည်း အရမ်းကျွမ်းသည် ။

နိုင်သူအိမ်စာတွေကို လုံးဝနားမလည် ။

ပိုင်ခန့်ကိုမေးချင်သည်။ သို့သော် သူစာမေးတိုင်း ပိုင်ခန့်မျက်နှာက ညိုးသည် ။

မပြောချင်မှန်းသိနေသော်လည်း ပိုင်ခန့်မုန်းချင်လည်း မုန်းပါစေ ဟုသာ သဘောထားကာ နိုင်သူစာမေးရခြင်းမှာ ဆရာဝန်ဟူသော ဂုဏ်ဖြင့် မိသားစု တင့်တယ်စေရေးအတွက်ဖြစ်သည် ။

ဆရာဝန်မှ အထင်ကြီးကြသော ပတ်ဝန်းကျင်နှင့် မိဘများအတွက် ဆရာဝန်ဖြစ်ရေးသာ သူ့ဘ၀အတွက် အရေးကြီးဆုံးဖြစ်နေသည် ။

ပိုင်ခန့်မထသေး၍ နှိုးပြီးမေးပါက စိတ်ဆိုးဦးမည် ။ စာတွေကလဲ ဘာတွေမှန်းမသိ ။ ခက်လွန်းသည် ။ပိုင်ခန့်စိတ်ဆိုးလည်း မတတ်နိုင်တော့ ။

####

ပိုင်ခန့်သည် ဘယ်တော့မှ အခန်းတံခါးပိတ်၍ မအိပ်တတ်တာကြောင့် တံခါးကိုအသာတွန်းဖွင့်ကာ နိုင်သူဝင်လိုက်သည် ။

ပြတင်းပေါက် နေရောင်က မျက်နှာပေါ်ရောက်နေပေမဲ့ ပိုင်ခန့်မထသေး ..

ယောက်ျားချင်းဖြစ်သော်လည်း ပိုင်ခန့်အိပ်နေလျှင် နိုင်သူတစ်မေ့တစ်မော ငေးနေတတ်ပါသည် ။

သတိပြန်ဝင်လာ၍ ပိုင်ခန့်ကို လှုပ်နှိုးတဲ့အခါ ပိုင်ခန့်က ချက်ချင်း ထ ထိုင်သည် ။

ကျေးဇူးပြု၍ [ ကျေးဇူးပြု၍ ]Where stories live. Discover now