Episode - 5

3.9K 322 9
                                    

Zawgyi Version

ပိုင်​ခန့်​တို့၏ အ​ဆောင်​ဖြစ်​​သော "​ရောင်​နီလင်း"​ဘော်​ဒါ​ဆောင်​နှင့်​ တိမ်​ယံ​နေ​သောအိမ်​သည်​ တစ်​လမ်း​ကျော်​မျှသာ​ဝေး​သော​ကြောင့်​ တိမ်​ယံအ​ဆောင်​တွင်​ မ​နေပါ ။

အိမ်​မှသာ Dayတက်​​သည်​ ။

လက်​လုပ်​လက်​စားမျှသာ ဖြစ်​​သော မိမိ၏ မိသားစုအ​ခြေအ​နေ​ကြောင့်​ အ​ဆောင်​နေစရိတ်​ကိုလဲ ​ချွေတာရမည်​ဖြစ်၍ပင် ။

ထို့အပြင်​ ​ဖေ​ဖေမရှိ​တော့သည့်​အတွက်​ ညီ​လေးနှင့်​ တိမ်ယံ နှစ်​​ယောက်​လုံးကို ရှာ​ကျွေး​နေရရှာသည့်​ ​မေ​မေ့ကိုလဲသနား​သော​ကြောင့်​ဖြစ်​သည်​ ။

မ​နေ့က မိုးလင်းခါနီးမှ အိပ်​​ပျော်​သွားသည့်​အတွက်​ ၅နာရီနှိုးစက်​သံကို တိမ်​ယံမကြားမိပဲ ဆက်​လက်​အိပ်​​ပျော်​​နေမိသည်​ ။

"တိမ်​ယံ .. ထ​​တော့ ​ကျောင်းသွားရမှာကိုမသိဘူးလား ဟမ်​ "

အခန်းတံခါးကို တဒုန်းဒုန်းထုသံနှင့်​အတူ အ​ဒေါ်ဖြစ်​သူ ​ဒေါ်​ခင်​​အေးမြင့်​၏ အသံ​ကြောင့်​ တိမ်​ယံမျက်​လုံးများကို အားယူ၍ ဖွင့်​လိုက်​ရသည်​ ။

အိပ်​ရာ​ဘေးရှိ စားပွဲ​ပေါ်မှနာရီအ​သေး​လေးကို ကြည့်​လိုက်တဲ့အခါ မနက်​၈နာရီခွဲ​နေ​လေပြီ ။

သွားပြီ .. အ​ဆောင်​မှာ မနက်​အတန်းချိန်​ ပျက်​မိ​လေပြီ

ရူပ​ဗေဒအချိန်​ဖြစ်​၍ စာ​တွေက ခက်​မည်မှာ အ​သေချာပင်​ ..

ည​နေအ​ဆောင်​​က ​စာသင်​ချိန်​မ​ရောက်​ခင်​ အစ်ကိုခန့်​ကို အရင်​ဆုံး စာရှင်းခိုင်းမှသာ ဖြစ်​မည်​ဟု တိမ်ယံတွေးလိုက်သည် ။

ခေါင်းအုံး​အောက်​​မှ ထက်​ပိုင်​ခန့်​ ဓာတ်​ပုံ​လေးကို တိမ်ယံ ထုတ်​လိုက်​ပြီး ကြည့်မိသည်​ ။

ဓာတ်​ပုံထဲမှ ထက်ပိုင်​ခန့်​၏အပြုံးသည်​ တိမ်​ယံကိုအားအင်​များဖြည့်​စွက်​​ပေး​နေသကဲ့သို့ရှိသည်​ ။

ထို့​ကြောင့်​ ယနေ့ကဲသို့ပင် တိမ်​ယံ၏ ​​နေ့ရက်​တိုင်းကို ပိုင်​ခန့်​၏ အပြုံးတစ်​ပွင့်​နှင့်​ အစပြုံးခဲ့မိသည်​မှာ နှစ်​လမျှပင်​ ရှိ​နေခဲ့​လေပြီ ။

ကျေးဇူးပြု၍ [ ကျေးဇူးပြု၍ ]Where stories live. Discover now