Episode - 8

3.7K 280 11
                                    

Zawgyi Version

"ကျွန်တော် အစ်ကိုခန့်​နဲ့အတူ လိုက်​လို့ရလား"

အတန်းပိုင်​ဆရာမက ယ​​နေ့ သူမ​မွေး​နေ့ဖြစ်​သည်​ဆို၍ မုန့်​ဟင်းခါး​ကျွေးမည်​​ ပြော​သော​ကြောင့်​ ​တိမ်​ယံ​ကျောင်းသို့​စော​စောသွားရမည်​ဖြစ်​သည်​ ။

ထို့​ကြောင့်​ ခါတိုင်းကဲ့သို့ စက်​ဘီးနှင့်​မသွားချင်​ ။ ဆိုင်​ကယ်​နှင့်​သာ သွားချင်​မိ​သော​ကြောင့်​ ထက်​ပိုင်​ခန့်​အား ခွင့်​​တောင်း​နေမိသည်​ ။

"ရပါတယ်​ .. လိုက်​ခဲ့​လေ ငါလဲအခုသွား​တော့မှာ "

"အဲ့ဒါဆို ခဏ​စောင့်​​ပေး ကိုကို"

မကြားဖူး​သော ​ဝေါဟာရ​ကြောင့်​ ထက်​ပိုင်​ခန့်​ အ​ကြောင်သား ​ငေးကြည့်​မိ​သည့်အခါ ​ပြေးသွား​သော​ နောက်​​ကျောပြင်ကိုသာ ​တွေ့လိုက်​ရသည်​ ။

ဆိုင်​ကယ်​​ကို ခွထားရင်း တိမ်​ယံ့အလာကို ​စောင့်​​နေစဉ်​မှာပဲ ..

"​အ​စောကြီးပဲ .. ​ကျောင်းသွား​တော့မလို​လား "

မနက်​​စော​စောစီးစီး ကျက်​သ​ရေယုတ်​တယ်​ဆိုတာ ဒါမျိုးကို​ပြောတာဟုပင် ထက်​ပိုင်ခန့် တွေးမိ​သည်​ ။

ငှက်​ဆိုးထိုးသံထက်ပင် ဆိုးရွားသော အသံကြီးက နားထဲ ကန့်​လန့်​ဝင်​လာ​သော​ကြောင့်​ပင်​ ။

"ကျစ်​ .. မင်းမျက်​လုံးကမမြင်​ဘူးလား"

"​အေးပါ .. မင်းကလဲ ငါ့ဆို အမြဲ ​ဒေါသကြီးပဲ"

"ဟာ ဘာလုပ်​တာလဲ "

ဆိုင်​ကယ်​​ပေါ်တက်​လိုက်​​သော နိုင်​သူ့​ကြောင့်​ ထက်​ပိုင်​ခန့်​​အော်ပစ်​လိုက်​သည်​။

"ဟ .. ​ကျောင်းသွားမလို့​ပေါ့ကွ ငါက မင်းဆိုင်​ကယ်​နဲ့မလိုက်​ရင်​ ဘာနဲ့သွားရမှာလဲ"

"​ခြေကျင်​သွားကွာ "

"မသွားနိုင်​ပါဘူး"

ဆိုပြီး ခါးကိုပင်​ ပိုင်​စိုးပိုင်​နင်း လာဖက်​​နေ​သော​ကြောင့်​ ထက်​ပိုင်​ခန့်​​တစ်ယောက် ဒေါသ​ထွက်​လာရသည်​ ။

ကျေးဇူးပြု၍ [ ကျေးဇူးပြု၍ ]Where stories live. Discover now