Zawgyi Version
ပိုင်ခန့်ဧ။် အိမ်သည်
၉တန်းနှင့် ၁၀တန်းနှစ်ခုသာ သင်သော အဆောင်ဖြစ်သည် ။အဆောင်မှူးကား ပိုင်ခန့်၏ မမဆောင်းနှင်းမြူဖြစ်သည် ။
အမဖြစ်သူသည် ပိုင်ခန့်အား လွန်စွာအလိုလိုက်သည် ။ အဆောင်ရှိ ကျောင်းသားများ ၁၁နာရီမှ စာကျက်ချိန်ပြီးသော်လည်း ပိုင်ခန့်က အိပ်ချင်သည်ဆိုလျှင် ၈နာရီခွဲသာရှိသေးသည် ဖြစ်စေကာမူ အိပ်ခွင့်ပြုသည် ။
လာရောက်နိုးခြင်းလဲမပြုချေ ။မိမိ၏ မောင်လေး အိပ်ရေးမဝမှာစိုးသောကြောင့်ဟု ပြောဖူးသည် ။
အခုလဲ ၉နာရီမျှသာရှိသေးသည် ။ ပိုင်ခန့်လွန်စွာငိုက်နေလေပြီ ။
Bioကို အသစ်ကျက်ရန် ပျင်း၍ ရပြီးဖြစ်သော အခန်းတစ်ကို မျက်စိစုံမှိတ်၍ အလွတ်အော်နေမိသည်။
အိပ်ချင်စိတ်ကြောင့် စာများအား ဗလုံးဗထွေးနှင့် ရွတ်ချင်ရာရွတ်နေခြင်းဖြစ်သည် ။
"တော်ပြီ .. ပိုင်ခန့် သွားအိပ်ချေ "
မမဆောင်းနှင်းမြူက အနားရောက်လာပြီး ပြောသည်နှင့် ပိုင်ခန့် နေရာမှာပင် အိပ်ပျော်သွားသည် ။
Guide တီချယ်ကလဲ အဆောင်မှူးကိုယ်တိုင်က ခွင့်ပြုသည်ဖြစ်သောကြောင့် ဘာမှဝင်မပြော ။
" နိုင်သူ ဘာလုပ်နေတာလဲ .. ပိုင်ခန့်ကိုတွဲပီး သူ့အခန်းထဲလိုက်ပို့လိုက် "
မမဆောင်းနှင်းမြူစကားကြောင့် နိုင်သူ ပိုင်ခန့်လက်မောင်းကို ပုံခုံးပေါ် တွဲလိုက်ပြီး ပိုင်ခန့် အခန်းရှိရာ အပေါ်ထပ်သို့ တက်ခဲ့လိုက်သည် ။
####
အခန်းတံခါးကို ဆွဲဖွင့်လိုက်ပြီး ပိုင်ခန့်ကိုတွဲကာ နိုင်သူအထဲသို့ ဝင်လိုက်သည် ။
အိပ်ရာပေါ်သို့ ပိုင်ခန့်ကို သေချာတင်ပေးလိုက်ပြီး စောင်အပါးတစ်ထည်ပါ ခြုံပေးလိုက်သည်။
YOU ARE READING
ကျေးဇူးပြု၍ [ ကျေးဇူးပြု၍ ]
Randomထက်ပိုင်ခန့်လေ ထက်ပိုင်ခန့်.. ဘယ်အရာနေနေ ပိုင်ဆိုင်နိုင်လို့ ထက်ပိုင်ခန့်လို့ခေါ်တာ...# ထက်ပိုင်ခန့်လေ ထက်ပိုင်ခန့်.. ဘယ်အရာနေနေ ပိုင်ဆိုင်နိုင်လို့ ထက်ပိုင်ခန့်လို့ခေါ်တာ...# အကိုခန့်အနားမှာ ကျနော်က တစ်ခဏပဲနေပြီး ထာဝရပျောက်ကွယ်သွားရမဲ့လူ.. အချိန်ခဏတ...