Episode - 3

4.8K 369 11
                                    

Zawgyi Version

အခန်းထဲ ဝင်လိုက်သည်နှင့် ကောင်မလေးအချို့ဧ။် အကြည့်များက ပိုင်ခန့်ဆီ သက်ဆင်းသည် ။

အင်္ကျီအဖြူရောင် လက်ရှည်ကို တံတောင်ဆစ်ထိ သေချာခေါက်တင်ထားသည့် ပိုင်ခန့်သည် မိန်းကလေးများ ပစ်ကြွေချင်သည့် ပုံစံမျိုးပင်ဖြစ်သည် ။

အခန်းသည် (A)ခန်းဖြစ်၍ Desk ခုံ တစ်ယောက်တစ်လုံးစီဖြင့် ထိုင်ရသည် ။

တစ်ခါတစ်ရံတွင်မူ စာစောင်များ သို့မဟုတ် ချိုချဉ်များကို ပိုင်ခန့်စားပွဲပေါ်တွင် တွေ့ရတတ်သည် ။

ဒီနေ့လည်း အသည်းပုံ ချိုချဉ်လေး သုံးလုံးနှင့်အတူ စာလေးတစ်စောင်က စောင့်ကြိုလျက် ရှိနေသည် ။

ပိုင်ခန့် စိတ်ဝင်စားသည်မဟုတ်သော်လည်း ချိုချဉ်တစ်ခုကို ဖောက်စားလိုက်ပြီး စာကို ဖွင့်ဖတ်လိုက်သည် ။

"ငါ ငါနင့်ကိုအရမ်းချစ်မိနေပြီ ပိုင်ခန့်ရာ ။ တစ်နေ့တစ်နေ့ နင့်အကြောင်းပဲ တွေးနေမိတယ် ။ နင်လေ ငါ့ကိုစာပြန်ပေးပါနော် ။ ဒါမှမဟုတ် ဟိုလေ အဖြေ .. အဲ့ဒါ သိတယ်မလား? ဒါပဲနော် ငါရှက်လာလို့ ပါးတွေတောင် မီးကင်လို့ရလောက်ပြီ ။ အရမ်းချစ်တယ် ပိုင်ခန့် ❤"

"ဟက် .. "

ပိုင်ခန့်တစ်ချက် ရယ်မိသည် ..

ယခုခေတ် မိန်းကလေးများသည် အဘယ့်ကြောင့် အရင်ဆုံး စပြောကြပါသလဲ ပိုင်ခန့်နားမလည်ပါ ။

ပိုင်ခန့်လိုချင်သော မိန်းကလေးပုံစံမှာ တည်ငြိမ်အေးဆေးသော မိန်းကလေးမျိုးသာ ဖြစ်သည် ။

စာရဲ့အောက်ဆုံးထောင့်လေးတွင် signတစ်ခု တွေ့၍ ကြည့်လိုက်တဲ့အခါ "rhythm" ဖြစ်နေသည် ။

သံစဉ်​ချိုဆိုသည့် တစ်ယောက် ဖြစ်လိမ့်မည် အတွေးနှင့် သူမခုံဘက်ကို လှည့်ကြည့်တဲ့အခါ ချက်ချင်း မျက်နှာလွှဲသွားသည် ။

###

မုန့်စားဆင်းချိန်ရောက်နေသော်လည်း ပိုင်ခန့် မုန့်ဝယ်မသွားပါ ။

ဒီအချိန်ဆို လူတအားရှုပ်သည် ။ ဆိုင်ခန်းကျဉ်းကျဉ်းလေးတွေမှာ လူတွေပြွတ်သိပ်ပြီး မုန့်တိုးဝယ်ရခြင်းက မသက်သာလှချေ ။

ကျေးဇူးပြု၍ [ ကျေးဇူးပြု၍ ]Where stories live. Discover now