Zawgyi Version
မနေ့က တစ်နေကုန် လျှောက်လည်ခဲ့ခြင်းကြောင့် ပင်ပန်းသဖြင့် မနက်ခင်း စာသင်ချိန်နီးကပ်နေမှန်းသိသော်လည်း တိမ်ယံဆက်၍ အိပ်နေမိသည် ။
"ယံလေး .. ထတော့လေ ဆရာမကဆူနေဦးမယ်"
အောက်ထပ်မှ မေ့မေ့အသံကြောင့် တိမ်ယံလျင်မြန်စွာ ထလိုက်သည် ။
သူဘယ်လောက်ပဲ ဆန္ဒရှိသည့်အရာဖြစ်ပါစေ မေမေ့၏ အလိုကိုသာ လိုက်လျောတတ်သည်မှာ တိမ်ယံငယ်စဉ်ကတည်းကပင် ။
နံနက်စာ ကော်ဖီနှင့်မုန့်အချို့ကို စားပြီး ခြံအပြင်သို့ထွက်ခဲ့သည် ။
ခြံတံခါးဝတွင် သတင်းစာတစ်စောင်ညှပ်ထားသည်ကိုတွေ့သည်နှင့် ယူလိုက်ပြီး အိမ်ရှေ့စားပွဲပေါ် တင်ထားလိုက်သည် ။
အမှတ်တမဲ့နှင့် သတင်းစာကိုကြည့်လိုက်မိသည် ။
ယောက်ျားလေးနှစ်ယောက်က သတိုးသားဝတ်စုံကိုယ်စီနှင့် မင်္ဂလာဆောင်သကဲ့သို့ ပြုမူနေခြင်း ။
အံ့သြမှုနှင့်အတူ သတင်းစာကို သေချာဖတ်ကြည့်တဲ့အခါ အမှန်တကယ်ပင် ယောက်ျားလေးနှစ်ယောက် လက်ထပ်ခြင်း အကြောင်းအရာ ဖြစ်နေသည် ။
အရင်က အကိုခန့်ကို ချစ်တာသေချာရဲ့လားဟူ၍ တိမ်ယံအကြိမ်ကြိမ် ဆန်းစစ်ခဲ့ဖူးသည် ။
ဘယ်အချိန်ပဲတွေးတွေး အဖြေက တစ်ခုပဲထွက်ပါသည် ။
တိမ်ယံ ထက်ပိုင်ခန့်ဆိုသော လူသားကို သိပ်ချစ်သည် ။
ဒီချစ်ခြင်းသည် သဘာဝကို ဆန့်ကျင်ရာ ဖြစ်နေခဲ့သလား ပတ်ဝန်းကျင်ကရော လက်ခံပါ့မလားဟူ၍လည်း တိမ်ယံတွေးခဲ့ဖူးပါသည် ။
သို့သော် ဆက်လက်၍ စဉ်းစားနိုင်စွမ်း မရှိသဖြင့် အရာအားလုံးကိုမေ့ထားကာ ထက်ပိုင်ခန့်ကို တိမ်ယံချစ်ခဲ့ပါသည် ။
ယခုမြန်မာနိုင်ငံတွင် ယောက်ျားလေးနှစ်ယောက် တရားဝင်လက်ထပ်ထိမ်းမြားခြင်းကိစ္စရပ် ဖြစ်ပေါ်လာခဲ့လေပြီ ။
YOU ARE READING
ကျေးဇူးပြု၍ [ ကျေးဇူးပြု၍ ]
Randomထက်ပိုင်ခန့်လေ ထက်ပိုင်ခန့်.. ဘယ်အရာနေနေ ပိုင်ဆိုင်နိုင်လို့ ထက်ပိုင်ခန့်လို့ခေါ်တာ...# ထက်ပိုင်ခန့်လေ ထက်ပိုင်ခန့်.. ဘယ်အရာနေနေ ပိုင်ဆိုင်နိုင်လို့ ထက်ပိုင်ခန့်လို့ခေါ်တာ...# အကိုခန့်အနားမှာ ကျနော်က တစ်ခဏပဲနေပြီး ထာဝရပျောက်ကွယ်သွားရမဲ့လူ.. အချိန်ခဏတ...