Unicode Version
နေ့လည်က ကိစ္စပြီးသည့်နောက် တိမ်ယံမှ ပိုင်ခန့်ကို တစ်နေ့လုံး လုံးဝစကားပြောခြင်းမရှိတာကြောင့်
ပိုင်ခန့်ခေါင်းစားရပြန်သည် ။ယခင်က အနားမှာ အမြဲကပ်နေတတ်သည့် ကောင်လေးသည် ယနေ့မူ ကပ်တွယ်ခြင်းမရှိသည့်အပြင် စကားပါမပြောပေ ။
အဆောင်တွင် စာသင်နေရသဖြင့် တိမ်ယံကို ပိုင်ခန့် မြင်နေရပါသည် ။
လက်တစ်ဖက်က ဘောပင်ကိုလှည့်ရင်း တစ်ဖက်က ခေါင်းကို ဖွာလန်ကြဲသည်အထိ ကုတ်နေသော တိမ်ယံပုံလေးက ကလေးဆိုးလေးတစ်ယောက် ပေတေတေလုပ်နေသည့်ပုံနှယ် ။
ပိုင်ခန့်ဘက်သို့ တစ်ချက်လေးမျှ လှည့်မကြည့်ပဲ အကြမ်းစာအုပ်ပေါ်တွင် ကြောင်ခြစ်ခြစ်သည့်နှယ် ဟိုခြစ်ဒီခြစ်လုပ်နေသည်ကို ကြည့်ရင်း ပိုင်ခန့်မနေနိုင်တော့ ။
"တိမ်ယံက ဒီနေ့တစ်နေ့လုံး ငါ့ကိုစကားမပြောဘူးကွ"
နံဘေးရှိ နိုင်သူ့နားနားကပ်ကာ ပြောလိုက်သည် ။
"အဲ့တော့ငါကဘာလုပ်ရမှာလဲ"
စာရေးနေရင်းကပင်
ပိုင်ခန့်ကို တစ်ချက်လေးတောင် မော့မကြည့်ပဲ ဖြေလိုက်သော နိုင်သူ့စကားကြောင့် ဒေါသတွေ အလုံးအရင်းလိုက် ထွက်ရပြန်သည် ။"အဲ့တော့ လဲသေကွာ .. လဲသေ"
"မောင်ထက်ပိုင်ခန့် .. ဘာဖြစ်တာလဲ"
အသံကျယ်သွားသည် ထင်ပါဧ။ ။
Bioပုံဆွဲပြနေသော ဆရာမက နောက်ကိုလှည့်လိုက်ရင်း မေးလိုက်တာကြောင့် ထက်ပိုင်ခန့် ခေါင်းလေးပုသွားရသည် ။
"ဟို .. ဘာ ဘာမှမဟုတ်ပါဘူးဗျ"
"နောက်တစ်ခါ .. ငါစာသင်နေရင် ဒီလိုဆူဆူညံညံတွေ မကြားချင်ဘူး"
"ဟုတ် .. "
###
မဟုတ်သေး .. ညအိပ်ရာဝင်ချိန်သို့တိုင် အတွေးထဲတွင် ထိုကောင်လေးပဲ ရောက်နေသည်မှာ မဟုတ်သေးပါ ။ တကယ်ဆိုရင် ဒီနေ့မှ ရည်းစားဖြစ်သော သံစဉ်ချို၏ အကြောင်းကိုသာ တွေးနေသည့်သင်မဟုတ်ပါလား ။
ВЫ ЧИТАЕТЕ
ေက်းဇူးျပဳ၍ [ ကျေးဇူးပြု၍ ]